Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့ပေါ် လမ်းဘေးရေမြောင်းတွင် ဒဏ်ရာများဖြင့် လူသေအလောင်းတစ်ခုတွေ့ရှိ

ABN-ရာဟု

ဇူလိုင် ၁၇ရက်

ရခိုင်ပြည် ကျောက်ဖြူမြို့ ကလဘာတောင်ရပ်ကွက် သီဟိုတော လမ်းဘေးရေမြောင်းတွင် ဒဏ်ရာများဖြင့် သေအလောင်းတစ်ခုကို ယနေ့နံနက် ၉နာရီကျော်က တွေ​ြရှိရသည်ဟု သိရသည်။

သေဆုံးသူမှာ ကျောက်ဖြူမြို့ ကလဘာရပ်ကွက်မှ ဦးခင်မောင်ရီဆိုသူဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်တွင် ထိခိုက် ဒဏ်ရာများတွေ့ရှိရသော်လည်း မည်သည့်အကြောင်းကြောင့် သေဆုံးရသည်ကို မသိရှိရသေးဟု လေးဝတီကုလရက္ခိတ ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့ သူ့ကို ကလာဘာရပ်ကွက် သီဟိုတောလမ်းဘေးရေမြောင်းအစပ်မှာ တွေ့တာပါ၊ ဒဏ်ရာတွေတော့ပါတယ်၊ ဘာကြောင့်သေတာလဲမသိပါဘူး၊ခုဆေးရုံကိုပို့လိုက်ပါပြီ” ဟု လေးဝတီကုလရက္ခိတ ပရဟိတအသင်းတာဝန်ရှိသူက ABN သို့ ပြောသည်။

ရခိုင်ပြည်တွင် ဇူလိုင်လ ၁၁ရက်နေ့ကလည်း စစ်တွေမြို့ ဘောလုံးကွင်ရပ်ကွက်ရှိ ရေမြောင်းထဲတွင် အမည်မသိ လူတစ်ဦးသေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ