Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာမှ ရေလုပ်သားများအား ကျားပိုက်မချရဟု စစ်ကောင်စီရေတပ်က တားမြစ်

ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာမှ ရေလုပ်သားများအား ကျားပိုက်မချရဟု စစ်ကောင်စီရေတပ်က တားမြစ်

ABN- ရှိုင်းမိုး

ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာမှ ရေလုပ်သားများအား ရွာအနီး မြစ်တွင် ကျားပိုက်မချရဟု စစ်ကောင်စီရေတပ်စခန်းတစ်ခုဖြစ်သည့် သစ်ပုတ်တောင်ရေတပ်စခန်းက တားမြစ်ထားကြောင်း ရွာသားများ ပြောပြာချက်အရ သိရသည်။

ဖေဖော်ဝါရီလ ၂၃ရက်နေ့ကစ၍ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာအနီး မြစ်ထဲ၌ စစ်ကောင်စီရေတပ်အနီးတွင် ကျားပိုက်မချရဟု ရေလုပ်သားများကို သစ်ပုတ်တောင်စစ်ကောင်စီရေတပ်က တားမြစ်ထားကြောင်း ပြောသည်။

ထိုမြစ်အတွင်း ကျားပိုက်မချရဟု စစ်ကောင်စီရေတပ်က ၁ လခန့်သာ ကြာမည်ဟု ပြောထားသော်လည်း ရေလုပ်သားများက ၎င်းတို့ ပြောစကားကို မယုံကြောင်းပြောသည်။

“၁ လပိတ်မယ်လို့ ပြောပါတယ်၊ ဒါပေမယ့် သူတို့က ၁လ ပိတ်မယ်လို့သာပြောတာပါ၊ မထင်ပါဘူး၊ သူတို့မှာ ရက်အကန့်သတ်မရှိပါဘူး၊ သူတို့ နေဗီတွေ၊ သင်္ဘောတွေသွားလာရတာအဆင်ပြေအောင်လို့ ပိတ်ခိုင်းတာပါ၊ စစ်တွေဖက်တွေကို နေဗီနှင့် ရိက္ခာသွားပို့ရင် ပိုက်တွေ ချထားရင်အဆင်မပြေဘူး၊ အဲဒါကြောင်းဖြစ်နိုင်ပါတယ်၊ ပြီးတော့ သူတိုတပ်စွဲပြီးနေထိုင်ပါတယ်” ဟု ဒေသခံတစ်ဦးမှပြာသည်။

ဒေသခံ ရေလုပ်သားများ၏ ပိုက်များကြောင့် စစ်ကောင်စီတပ် နေဗီ၊ တရုတ်ရေနံတင်သင်္ဘောများ အလွယ်တကူသွားလာ၍ မရသောကြောင့် တားမြစ်ခြင်းဖြစ်ကြောင်း ရေလုပ်သားတစ်ဦးက ပြောသည်။

ဒေသခံများအား ပိုက်မချရဟု တားမြစ်လိုက်သည့်အတွက်ကြောင့် ဒေသခံများမှာ ထမင်းငတ်သည်အထိ အခက်အဲ ဖြစ်လာနိုင်ကြောင်း ရေလုပ်သား ဦးစံရွှေက ABN ကိုပြောသည်။

“အခုလိုကျနော်တို့ကို လုပ်စားခွင့်ပိတ်လိုက်တော့ ကျွန်တော်တို့ ဘယ်လိုလုပ်ကိုင်စားသောက်ရမှာလဲ၊ ကျွန်တော်တို့မှာ ပိုက်ချပြီးစားနေကြတာ၊ သူတို့က ကျွန်တော်ဖက်ကို လုံးဝ မငဲ့ဘူး။ ကျွန်တော်တို့မှာ အစစအရာရာကို ပိုက်ချပြီးအသုံးပြုနေကြရတာ၊ အခုလိုပိတ်လိုက်ရင် ထမင်းငတ်မှာပေါ့၊ ကျွန်တော်မှာ သူများတွေကို တခြားလုပ်ကိုင်စားသောက်မည့် လယ်လည်းမရှိဘူး၊ တောင်လည်းမရှိပါဘူး၊ အဲဒါနဲ့ လုပ်ကိုင်စား‌သောက်နေကြတာပါ” ဟု ရေလုပ်သား တစ်ဦးဖြစ်သည့် ဦးစံရွှေက ပြောသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သစ်ပုတ်တောင်ရွာမှ ရေလုပ်သားများ ရေတပ်အနီးတွင် ပိုက်ချနေစဥ် စစ်ကောင်စီ နေဗီ ၁စီးရောက်လာပြီး ပိုက်မချရ နှုတ်ယူသွားကြဟု လာရောက်ဟန့်တားခဲ့သည်ဟု ကိုအောင်‌ထွန်းရွှေက ပြောသည်။

“နေဗီ ၁စင်းနှင့် စစ်သားတွေလာပါတယ်၊ ပြီးတော့ ကျွန်နော်တို့ကိုကို နှုတ်ကြလို့ပြောပါတယ်၊ ကျွန်နော်တို့က ဒီပိုက်တွေချက်ချင်းနှုတ်လို့မရပါဘူး၊ တရက်လောက်အချိန်ယူရပါတယ်ဆိုပြီးပြောလိုက်ပါတယ်၊ နောက်တရက်ဆိုရင်ကျွန်တိုအားလုံးနှုတ်လိုက်ရပါတယ်” ဟု ကိုအောင်ထွန်းရွှေမှပြောသည်။

လက်ရှိတွင် ကျားပိုက်ချစားသည့် သစ်ပုတ်တောင်ရွာသားများမှာ ပိုက်များကို ရုတ်သိမ်းထားရပြီး အလုပ်လက်မဲ့ဖြစ်နေရကြောင်း နောက်ထပ် ရေလုပ်သား တစ်ဦးက ပြောသည်။

“ကျွန်နော်က ပိုက်ချပြီးစားနေရတဲ့လူပါ၊ ပိုက်ချတာ ၁လရပ်ဆိုင်းထားဖို့ဆိုတာ မလွယ်ဘူး၊ ဒါပေမယ့် ၁လ လို့သာပြောတာပါ၊ ဘယ်လောက်ကြာမယ်မသိဘူး၊ ကျွန်‌နော့်မှာ တခြားအလုပ်လည်းမရှိပါဘူး၊ ပိုက်ချလို့စားနေတာ၊ အခုပိုက်တင်ထားရတယ်ဆိုရင် အလုပ်လည်းမရှိဘူး၊ ပိုက်မချရရင် မစားရပါဘူး” ဟုပြောသည်။

တားမြစ်ခံထားရသူများမှာကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာမှ ဦးစံရွှေ၊ ဦးမောင်မြင့်ရွှေ၊ ဦးအောင်ဇံအေး၊ ဦးမောင်ထွန်းအောင်၊ ဦးမောင်ထွန်းနု၊ ဦးအောင်ခင်၊ ဦးအောင်သန်းမောင်၊ ဦးခင်သန်းမောင်၊ ဦးထွန်းအေး၊ ဦးကိုမင်း၊ ဦးအောင်ဝင်း၊ ဦးအောင်ဇံဦး၊ ဦးအောင်ရွှေဦး၊ ဦးအောင်သန်းရွှေ၊ ဦးညိုဝင်း နှင့် ဦးင/ချွန်တို့ဖြစ်ကြသည်။

အပိတ်ခံရသည့် ပိတ်သည်များမှာ ပိုက်သည်တစ်ဦးလျှင် ပိုက် ၃လုံးမှ အထက်ရှိပြီး ထိုသို့ တားမြစ်ခံထားရသည့်အတွက် မိသားစုစားဝတ်နေ‌ရေးအတွက် အခက်အခဲ ဖြစ်လာနိုင်ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ထဲတွင် တရုတ်ရေနံတင်သင်္ဘောများ ဖြတ်သန်းသွားလာမှုများကြောင့် ဒေသခံ ရေလုပ်သားများ၏ ပိုက်များမှာ မကြာခဏ ငြိပါသွားသော်လည်း လျော်ကြေး မရကြောင်း မဒေးကျွန်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။