Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ် ဝမျှော်လမ်းကွေ့တွင် သုံးဘီးနှင့် ဆိုင်ကယ် တိုက်မိ၍ လူ ၁ ဦးဒဏ်ရာပြင်းထန်ရ

ABN-နွယ်စိုး

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ဝမျှော်လမ်းကွေ့တွင် ရမ်းဗြဲမြို့ဘက်ကလာသော ဆိုင်ကယ်နှင့် ကျောက်ဖြူမြို့ဘက်မှလာသည့်သုံးဘီး နှင့်မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာ ၁ ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။

ဆိုင်ကယ်တိုက်ခံရသူမှာ ကျောက်ဖြူမြို့နယ် လိပ်တင်ရွာက ဦးမောင်မောင်ဖြစ်သည်။

၎င်းသည် ခရီးသည် ၃ ဦးနှင့် မေလ ၃ရက်နေ့တွင်ကျောက်ဖြူမြို့နယ် လိပ်တင်ရွာမှ ရမ်း​​​ဗြဲဘက်သို့ ထွက်သွားခဲ့ရာ ရမ်းဗြဲမြို့နယ် စည်ပင်ရွာဖက်မှလာသည့် ဆိုင်ကယ်နှင့် ဝ​မျှော်လမ်းကွေ့တွင် မျက်နှာချင်းတိုက်မိခဲ့ပြီး ဒဏ်ရာရရှိကြောင်း ကျောက်ဖြူဒေသခံ ၁ ဦးက ABN သို့ပြောသည်။

“ဆိုင်ကယ်တိုက်တာကတော့ ၆ နာရီလောက်ကဖြစ်ပါတယ်၊ လူ ၃ ယောက်တင်လာတဲ့သုံးဘီးက ကျောက်ဖြူကနေ ရမ်းဗြဲဖက်သို့သွားတယ်၊ ရမ်းဗြဲဖက်ကလာတဲ့ဆိုင်ကယ်နဲ့ ဝမျှော်လမ်းကွေ့မှာ မျက်နှာချင်းဆိုင်တိုက်ပါတယ်၊ သုံးဘီးမောင်းတဲ့သူပါးမှာ ဒဏ်ရာရသွားတယ်” ဟုဆိုသည်။

သုံးဘီးပိုင်ရှင်မှာ ဒဏ်ရာပြင်းထန်ခဲ့သည့်အတွက် ကျောက်ဖြူပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြာင်းသိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ကျောက်ဖြူတွင်ယာဥ်တိုက်မှုကြောင့် လူ ၃ ဦးသေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ