Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ် တွင် စစ်ကောင်စီရေတပ်မှ လူနေအိမ်များကို ဝင်ရောက်ရှာဖွေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် တွင် အောက်တိုဘာ၂၈ ရက်တွင်လူနေအိမ်များသို့ ကျောက်ဖြူ ဓညဝတီ ရေတပ်မှ အနီးအနားပတ်ဝန်းကျင်ရှိရွာများ ဝင်ရောက်ရှာဖွေ မှုများ ရှိခဲ့သည်။

ကျောက်ဖြူမြို့နယ် ရှောက်ချောင်း၊ ပျားတဲ၊ ကပ်သပြေ နှင့် စိုင်ခြုံရွာများကို ကျောက်ဖြူဓညဝတီ ရေတပ်မှ ယမန်နေ့ ၂၈ ရက် အောက်တိုဘာလတွင် အင်အား၄၀ ခန့်လောက် ဝင်ရောက်စစ်ဆေးမှုများ ရှိခဲ့သည်။

ထိုကျေးရွာများမှာ ကျောက်ဖြူ သစ်ပုတ်တောင်တိုက်နယ်တွင် ရှိပြီးဓညဝတီရေတပ်နှင့် အနီးဆုံး ကျေးရွာများလည်း ဖြစ်သည်။

“နေအိမ်တွေကို လာရောက်စစ်ဆေးတာ၊ အင်အား၄၀ လောက်တော့ရှိတယ်၊ ရေတပ်ကပါပဲ၊ ဖမ်းဆီးသွားတာတွေတော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက ABN ကို ပြောသည်။

ယခုလအတွင်း ကျောက်ဖြူမြို့မှ အရပ်သားများနှင့် မြေတိုင်းရုံးမှ ဦးစီးအပါအဝင် မြေတိုင်းစာရေးများ ဝန်ထမ်းများကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးထားပြီး မိသားစုများနှင့် အဆက်အသွယ်မရဘဲ ရှိနေသည်။

ကျောက်ဖြူမြို့နယ် တွင် စစ်ကောင်စီရေတပ်မှ လူနေအိမ်များကို ဝင်ရောက်ရှာဖွေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။