Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ် ကုလာဘာရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်စစ်ဆေးပြီး ရွာသား ၂ ဦးကိုဖမ်းယူသွား

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ကုလာဘာရွာကို ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ပြီး အရပ်သား ၂ ဦးကိုဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၁၂ ရက် နံနက် ၅ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်သားများသည် စစ်ကား ၅ စီးဖြင့် ရွာထဲသို့ ဝင်ရောက်လာပြီး ရွာသား ၂ ဦးကို ဖမ်းဆီးယူသွားသည့်အပြင် အိမ်တစ်အိမ်မှ ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်းသတင်းရရှိသည်။

” ယနေ့ နံနက် ၅ နာရီခန့်လောက်ရှိပါတယ်၊ စစ်ကား ၅ စီးရောက်လာပြီး အိမ်တွေကို ဝင်ရောက်စစ်ဆေးပါတယ်၊ သူတို့မှာ လူ အင်အား ၄၀ လောက်ပါတယ်၊ ဘာကြောင့်စစ်ဆေးတာလဲမသိပါဘူး၊ ပြီးတော့ လူ ၂ ယောက်ကိုလည်းဖမ်းခေါ်သွားပါတယ်” ဟုရွာသားတဦးမှပြောသည်။

ဖမ်းခေါ်သွားတဲ့လူ ၂ ယောက်၏ အမည်များကို ABN သတင်းဌာနမှစုံစမ်းနေဆဲဖြစ်သည်။

မနေ့ က နိုဝင်ဘာလ ၁၁ ရက် ညနေ ၇ နာရီကလည်း ကျောက်ဖြူမြို့ထဲမှ အရက်ဆိုင်၌ အရက်သောက်နေသည့် အရပ်သား တစ်ဦးဖြစ်သည့် ဦးကျော်လှအောင် အသက် ၄၂ နှစ်ကို စရဖက ဖမ်းဆီးသွားကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ