Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ရွာမှ နောက်ထပ် အရပ်သား ၄ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်က အတင်းအဓမ္မ ဖမ်းဆီး

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ရွာမှ နောက်ထပ် အရပ်သား ၄ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်က အတင်းအဓမ္မ ဖမ်းဆီး

AB News – ဖေဖော်ဝါရီလ ၉၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ရွာမှ နောက်ထပ် အရပ်သား ၄ဦးကို ယနေ့ ဖေဖော်ဝါရီလ ၉ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်က ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ထဲမှ အိမ်စီးကား ၃ စီးဖြင့်လာကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးအား လက်နက်အင်အားသုံးကာ မြို့ထဲဘက်သို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်” ဟု ဖော်ပြထားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ရက်၊ ညနေ ၃နာရီခွဲအချိန်တွင် ကျောက် ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ် ဂုံးချွိန်ရွာက ဦးငမဲ ၅၅နှစ်၊ ဦးညီပုစေ့ကေ ၄၅နှစ်၊ ကိုကျော်နိုင်ဖြိုး ၂၄နှစ်နှင့် လိပ်ခမော်(ရွာသစ်) မှ ဦးမောင်ခင်နု ၇၀နှစ် တို့ကို ဂုံးချွိန်ရွာ(အထက) စာသင်ကျောင်းတွင် စခန်းချတပ်စွဲနေသည့် စစ်ကောင်စီတပ် နှင့် ရဲ ပူးပေါင်းအင်အား ၂၀ ကျော်က မတရားဖမ်းဆီးခဲ့သည်။

စစ်လက်နက်အပြည့်အစုံဖြင့် ဂုံးချွိန်ရွာအတွင်း၌ ကင်းလှည့်နေသည်ံ့ စစ်ကောင်စီအဖွဲ့၏ တပ်နှင့် ရဲ ပူးပေါင်းအင်အား၂၀ ကျော်သည် ဂုံးချွိန်ရွာ စေပုတ်ကေထောင့် ဒေါ်မခင်နု၏ စားသောက်ဆိုင်ထဲမှ ဦးငမဲ အပါအဝင် ၄ဦးကို ဖမ်းဆီးကာ စခန်းချတပ်စွဲထားသည့် ဂုံးချွိန်ရွာ(အထက) စာသင်ကျောင်းသို့ ယူဆောင်သွားခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီလ ၈ရက် ၊ ည ၄ နာရီကျော်အချိန်တွင် ဖမ်းဆီးထားသူ ၄ဦးကို စစ်ကောင်စီရဲကား ၁ စီးဖြင့် ကျောက်ဖြူမြို့သို့ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-APM

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ