AB News – ဖေဖော်ဝါရီလ ၁၃၊ ၂၀၂၄
ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးများဖြင့် အကြိမ် (၇၀) ထက်မနည်း ဖေဖော်ဝါရီ ၁၂ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ညီနောင် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် “ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့၌ လည်း ယနေ့၊ နံနက် ၉ နာရီ ၄၀ မိနစ်အချိန်ခန့်က စစ်ကောင်စီ၏ ခမရ ၅၄၂ တပ်ရင်းဗျူဟာကုန်းမှလည်းကောင်း၊ ဂုံးချွိန်တိုက်နယ်၊ ချောင်းဝကျေးရွာနှင့် ဂေါ်တူကျေးရွာကြား ပင်လယ်ပြင်၌ ရပ်နားထားသည့် ရန်သူ့တိုက်ခိုက်ရေးနေဗီသင်္ဘောတစ်စီးမှလည်းကောင်း၊ ပြိုင်းစေ့ကေကျေးရွားအနီး ညောင်စိန်တောင်နားမှလည်းကောင်း ဂုံးချွိန်တိုက်နယ်၊ ငှက်ပျောချောင်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ၇၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်” ဟု ဖော်ပြထားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ရက်၊ ညနေပိုင်း ၇ နာရီအချိန်ထိလည်း စစ်ကောင်စီ၏ ခမရ ၅၄၂ တပ်ရင်းဗျူဟာကုန်း နှင့် ညောင်စိန်ကျေးရွာအနီးမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ဒေသရှိ နေရာအချို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နေရာများကိုလည်း လေကြောင်း၊ ရေကြောင်းမှ တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်ကို တွေရှိရသည်။
ဖေဖော်ဝါရီ ၁၁ရက်နေ့ကလည်း သံတွဲမြို့၊ ဆင်ခေါင်းကျေးရွာနှင့် ရေမိုင် ၁၀ မိုင်ခန့်အကွာအဝေးတွင်ရှိသည့် ပင်လယ်ပြင်ရှိ စစ်ကောင်စီ၏ နေဗီသင်္ဘောမှလည်း လက်နက်ကြီးများဖြင့် ဦးတည်ချက်မရှိဘဲ ရမ်းသန်းပစ်ခတ်မှုများကို အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
၎င်းနည်းတူ ကျောက်ဖြူမြို့အနီး ရမ်းဗြဲမြို့ထဲရှိ သာသနာနိအဆောက်အအုံများအပါအဝင် လူနေအိမ်များကို လက်နက်ကြီးများဖြင့် ကြိမ်ရေမျးးစွာ ပစ်ခတ် ပစ်ခတ် ဖျက်ဆီးလျက်ရှိနေသည်။
Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL