Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်မှ ပျောက်နေသည့် စိတ်ဝေဒနာခံစားနေရသူ မိခင်နှင့်အတူ ကလေး၂ဦးတို့အား ၇ ရက်အကြာတွင် နေအိမ်သို့ပြန်‌ရောက်

ABN-ထက်မြတ်ခင်

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂုံးချိန်ရွာမှ ပျောက်နေသည့် စိတ်ဝေဒနာခံစားနေရသူ မိခင်နှင့်အတူ ကလေး ၂ဦးတို့သည် ၇ အကြာတွင် ပြန်လည်၍ နေအိမ်သို့ ရောက်လာကြကြောင်းပြောသည်။

၇ ရက်ကြာ ပျောက်နေခဲ့သည့် သူများမှာ မိခင်ဖြစ်သူ စိတ်ဝေဒနာရှင် မစုချေ အသက် ၂၇နှစ်၊ ၁တန်းကျောင်းသူ ဝင်းဝင်းကြည် အသက် ၇ နှစ်နှင့် အငယ်မချေ အသက် ၂ နှစ်တို့ဖြစ်ကြသည်။

၎င်းတို့သည် ဇန်နဝါရီလ ၁၃ရက်နေ့ ညနေခန့်က ဂုံးချိန်ရွာသို့ ရွာကားဖြင့် လိုက်ပါလာခဲ့ကြသည်ဟု မစုချေ၏ ညီမဖြစ်သူကပြောသည်။

“တစ်ရွာလုံးလည်း လိုက်ရှာကြာပါသေးတယ် မတွေ့ခဲ့ပါဘူး၊ သောကြာနေ့ကျမှ သူတို့ သုံးယောက် ရွာက ကားနဲ့လိုက်ကျတာပါ ဘယ်နေရာကလာတာလေးဆိုတာကိုတော့ မသိပါဘူး” ပြောသည်။

သူတို့ မိသားစုမှာ ဇန်နဝါရီလ ၇ နေ့ နံနက်ပိုင်းက ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၃ရက်နေ့ကပြန်လည် ရောက်ရှိလာခဲ့ကြကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်မှ ပျောက်နေသည့် စိတ်ဝေဒနာခံစားနေရသူ မိခင်နှင့်အတူ ကလေး၂ဦးတို့အား ၇ ရက်အကြာတွင် နေအိမ်သို့ပြန်‌ရောက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။