Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်မှ ပျောက်ဆုံးနေသည့် စိတ်ဝေဒနာခံစားနေသူ မိခင်တစ်ဦးနှင့် ကလေးငယ်၂နှစ်ဦးတို့အား ၆ရက်ကြာသည့်တိုင် ယခုအချိန်ထိ ရှာမတွေ့သေး

ABN – ထက်မြတ်ခင်

ဇန်နဝါရီလ ၆ရက်နေ့က ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာမှ ပျောက်ဆုံးသွားခဲ့သည့် စိတ်ဝေဒနာ ခံစားနေရသူ မိခင် ၁ ဦးနှင့် ကလေးငယ် ၂ ဦးတို့အား ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ရှာမတွေ့သေးဟုသိရသည်။

ပျောက်ဆုံးသွားသူများမှာ ကျောက်ဖြူမြို့နယ် ဂုန်းချိန်ကျေးရွာမှ မိခင်ဖြစ်သူ စိတ်ဝေဒနာရှင် မစုချေ ၂၇ နှစ်၊ ၇နှစ်အရွယ် ၁တန်းကျောင်းသူ မဝင်းဝင်းကြည်နှင့် ၄နှစ်အရွယ် မအငယ်မချေတို့ဖြစ်သည်။

၎င်းတို့ ၃ ဦးအား မိသားစုဝင်များနှင့် ရွာသူရွာသားများ ကျောက်ဖြူမြို့နှင့် မြို့နယ်အနှံ တွင်လိုက်ရှာခဲ့ကြသော်လည်း မတွေ့သေးဟု မစုချေ၏ ညီမဖြစ်သူပြောကြားချက်အရသိရသည်။

“ဟုတ်ပါတယ် အိမ်မှာတော့အကုန်လုံးက သူတို့ဘယ်နေရာမှာ ဘယ်လိုများနေနေရပါမလဲလို့ စိတ်ပူနေကြပါတယ်၊ ရှာနေတာလည်းနေရာစုံနေပါပြီ မနေ့ကလည်း တစ်ရွာလုံးနီပါး ကား၊ ဘုတ်တွေနဲ့လိုက်ရှာခဲ့ကြပါသေးတယ် မတွေ့ခဲ့ပါ” ဟု ပြောသည်။

မစုချေနှင့် ကလေးနှစ်ဦးအား တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါသည်။

မစုချေညီမ ဖုန်း – ၀၉၂၅၀၇၆၃၉၂၃

ကျောက်ဖြူမြိုနယ် ဂုံးချိန်ရွာ

ကျောက်ဖြူမြို့နယ်မှ ပျောက်ဆုံးနေသည့် စိတ်ဝေဒနာခံစားနေသူ မိခင်တစ်ဦးနှင့် ကလေးငယ်၂နှစ်ဦးတို့အား ၆ရက်ကြာသည့်တိုင် ယခုအချိန်ထိ ရှာမတွေ့သေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။