Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်မှ ကျောင်းသား ၂ဦးအပါအဝင် ဒေသခံ ၂ဦးကို စစ်ကောင်စီက မတရားဖမ်းဆီး

ကျောက်ဖြူမြို့နယ်မှ ကျောင်းသား ၂ဦးအပါအဝင် ဒေသခံ ၂ဦးကို စစ်ကောင်စီက မတရားဖမ်းဆီး

AB News – ဖေဖော်ဝါရီ ၇၊ ၂၀၂၄

ကျောက်ဖြူမြို့နယ်မှ ကျောင်းသား ၂ဦးအပါအဝင် အသက် ၁၇အရွယ် လူငယ် ၁ဦးနှင့် အမျိုးသမီး ၁ဦး ကို စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ကြောင်း ညီနောင် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ကျေးရွာမှ မောင်နိုင်ထွန်း ၁၄နှစ်၊ မောင်ချမ်းမင်းနိုင် ၁၄နှစ်၊ မောင်ကျားဘဂျမ်း ၁၇နှစ်၊ ဒေါ်မိခိုင် ၅၃နှစ်တို့ ဖြစ်သည်။

ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ကျေးရွာမှ မောင်နိုင်ထွန်းနှင့် မောင်ချမ်းမင်းနိုင်တို့သည် အလယ်တန်းကျောင်းသားများဖြစ်ကြပြီး မောင်ကျားဘဂျမ်းမှာ ကျဘမ်းလုပ်ကိုင်သူဖြစ်ကာ ဒေါ်မိခိုင်မှာလည်း ဈေးသည် ၁ဦးဖြစ်ကြောင်း သိရသည်။

ညီနောင် ၃ဖွဲ့၏ ထုတ်ပြန်ချက်တွင် “ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ကျေးရွာမှ အသက်အပြည့်သေးသည့် ကျောင်းသား ၂ဦး၊ အသက် ၁၇ နှစ်အရွယ် ကျဘမ်းလုပ်ကိုင်သူလူငယ် ၁ ဦးနှင့် အသက် ၅၃နှစ်အရွယ် စျေးရောင်းချနေသူ လက်လုပ်လက်စားဒေသခံအမျိုးသမီး ၁ ဦးတို့သည် စျေးသည်အချို့၏ ကုန်ပစ္စည်းများအား ကျောက်ဖြူမြို့မစျေးသို့ လှေဖြင့် သွားရောက်ပိုဆောင်ပေးနေခဲ့သည့်အချိန်၌ ကျောက်ဖြူ GTI ကျောင်းနားတွင် စခန်းချတပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်မှ မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်” ဟုဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ကို တော်လှန်တိုက်ပွဲဝင်နေကြသည့် မြန်မာနိုင်ငံအနှံ့မှ ပြည်သူလူထုများအပေါ် ဖက်ဆစ်စိတ်ဓာတ်အပြည့်ဖြင့် စစ်ရာဇဝတ်မှုများကို ပိုမိုလက်ရဲဇက်ရဲ ဆက်တိုက်ကျူးလွန်လျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ နေ့စဉ်ကျူးလွန်လျက်ရှိသည့်လုပ်ရပ်မှာ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ် ပြစ်မှုကျူးလွန်နေခြင်းပင် ဖြစ်ကြောင်း ညီနောင် ၃ဖွဲ့က အတိအလင်းဖော်ပြထားသည်ကို တွေ့ရှိရသည်။

ရက္ခိုင်တွင် အကြမ်းဖက် စစ်ကောင်စီက ကုန်းလမ်း ရေလမ်းများကို ပိတ်ဆို့ထားပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများကို ဖြတ်တောက်ထားသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ