Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ မြို့ပေါ်တက်ရောက် ဆီးကုသခွင့်ပိတ်ထားသည့်အတွက် အချိန်မီဆေးကုသခွင့်မရ၍ ကျောင်းသား ၁ဦးသေဆုံး

AB News- ဒီဇင်ဘာလ ၂၈၊၂၀၂၃

ယမန်နေ့ ဒီဇင်ဘာလ ၂၇ရက်နေ့က ရက္ခိုင်ပြည် ကျောက်ဖြူမြို့တွင် အကြမ်းဖက်စစ်ကောင်စီ၏ မြို့ပေါ်တက်ရောက်ဆေးကုသခွင့် ပိတ်ထားသောကြောင့် အချိန်မီဆေးကုသခွင့်မရခဲ့၍ ကျောင်းသား ၁ဦးသေဆုံးခဲ့သည် ဟု AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်အုပ်စု၊ အင်းကြီးနားကျေးရွာမှ ဦးခိုင်သာထွန်း၏သား မောင်ဇင်ငြိမ်းထွန်း အသက်၁၅နှစ်ဖြစ်ပြီး ၎င်းမှာ ဝမ်းလျှောရောဂါ အပြင်းအထန်ဖြင့် သေဆုံးခဲ့သည်ဟု သိရသည်။

၎င်းကျောင်းသားအား ​ရပ်ရွာအနီးရှိဆရာဝန်က ကျောက်ဖြူသို့ သွားရောက်ဆေးကုသရန် ညွှန်ကြားခဲ့သော်လည်း စစ်ကောင်စီအဖွဲ့မှ မြို့ပေါ်တက်ရောက်ဆေးကုသခွင့် ပိတ်ထားသောကြောင့် အချိန်မီဆေးကုသခွင့်မရရှိ၍ သေဆုံးခဲ့ရသည်ဟု ဒေသခံ ၁ဦးကပြောသည်။

“ကျောင်းသားလေးမှာက ကျောက်ကပ်ရောဂါအခံလည်းရှိတယ်။ ဝမ်းလျှောရောဂါဖြစ်တော့ ရွှေသဘာဝဓာတ်ငွေ့က ဖွင့်ထားတဲ့ဆေးခန်းမှာ သွားရောက်ကုသခဲ့တယ်။ ဆရာဝန်က ကျောက်ဖြူသို့သွားရောက်ဆေးကုသရန် တိုက်တွန်းခဲ့တယ်။ စစ်ကောင်စီ ကလမ်းပိတ်ထားတော့ အချိန်မီဆေး မကုသနိုင်လိုက်ဘူး။ ဆေးရုံအရောက်မှာ​သေသွားခဲ့တယ်” ဟုဆိုသည်။

စစ်ကောင်စီအဖွဲ့က ကျောက်ဖြူမြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီကြား တိုက်ပွဲဖြစ်သည်ကို အကြောင်းပြ၍ ၂၀၂၃ နိုဝင်ဘာလ ၁၉ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ထိိ ကုန်းလမ်း၊ရေလမ်းများကို ကန့်သတ်မိန့်ထုတ်ပြန်ထားသည်။

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီအဖွဲ့မှ ကုန်လမ်း၊ရေလမ်း ခရီးသွားလာခွင့် ၊ ဆေးကုသခံယူခွင့်များ တားမြစ်ထားခြင်းကြောင့် လက်ရှိတွင် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။

ထို့အပြင် ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီခန့်က ခလရ ၃၄ တပ်ရင်းနှင့် ကျောက်ဖြူမြို့မရဲစခန်း ပူးပေါင်းတပ်ဖွဲ့တို့သည် မြစ်နားတန်းရပ်ကွက် မြစ်ကမ်းနံဘေးတွင် ငါးဖမ်းနေသည့် ဒေသခံ ၁၅ ဦးအား ဖမ်းဆီးသွားပြီး ကျောက်ဖြူမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ