Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရ

AB News – ဒီဇင်ဘာ ၂၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ရှောက်ချောင်းကျေးရွာ အနီးတွင် ယနေ့ နံနက်ပိုင်းအချိန်က စစ်ကောင်စီအဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒီဇင်ဘာလ ၂၂ရက်၊ နံနက် ၈နာရီ ၄၀မိနစ်ကျော်အချိန်တွင် စစ်ကောင်စီအဖွဲ့ သစ်ပုတ်တောင်ရေတပ်စခန်းမှ စစ်ကား ၁စီးအား ရက္ခိုင့်တပ်တော်မှ ရှောက်ချောင်းကျေးရွာအလွန် တံတားအနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ကျေးရွားသား ၁ဦးကပြောသည်။

“ဒီနေ့ မနက် ၈နာရီခွဲကျော်အချန်မှာ သစ်ပုတ်တောင် ရေတပ်စခန်းက စစ်ကား ၁စီးကို ရက္ခိုင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ အဲ့ဒါကြောင့် နှစ်ဖက်အပြန်အလှန် လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတာရှိပါတယ်” ဟုဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် ယနေ့မနက်ပိုင်း မိနစ် ၄၀ကျော်ကြာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီအဖွဲ့မှ ဗိုလ်ကြီး ၁ဦးသေဆုံးခဲ့ကြောင်း သတင်းထွက်ပေါ်လျက်ရှိသော်လည်း AB News အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

ရှောက်ချောင်းကျေးရွာရှိ အိမ်ခြေ ၁၀၀ကျော်မှ ရွာသား ၄၀၀ကျော်မှာ စစ်ကောင်စီအဖွဲ့မှ လက်နက်ကြီး ပစ်ခတ်လာမည်ကို ကြောက်ရွံ့ပြီး စစ်ဘေးလွတ်ရာ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ရွာသားများက ပြောသည်။

ရှောက်ချောင်းရွာအနီး စည်မော်ရွာမှ သက်ကြီးပိုင်း နှလုံးရောဂါအခံရှိ အမျိုးသမီးတစ်ဦး လက်နက်ကြီး ပစ်ခတ်သံကြောင့် နှလုံးရပ်သေဆုံးသွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်မှာလည်း မဟုတ်မှန်ကြောင်း စည်မော်ရွာသားများက အတည်ပြုပြောသည်။

စစ်ကောင်စီက ညမထွက်ရအမိန့်၊ ကုန်းလမ်း၊ ရေလမ်း သွားလာမှု၊ ငါးမဖမ်းရဘအမိန့်များကြောင့် ကျောက်ဖြူမြို့နယ်မှ ပြည်သူများမှာ စားဝတ်နေရေး အကြပ်အတည်းဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

ကျောက်ဖြူတွင် ဈေးရောင်းရန် လာသည့် မူဆလင် ဒုက္ခသည် ၁၃ ဦးနှင့် ရက္ခိုင် ၆ ဦးကို ဒီဇင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီအဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဒေသန္တရ ဥပဒေဖြင့် အမှုဖွင့် ခံထားရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ