Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်တွင် ဒေသခံ ၁ဦး စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းနင်းမိပြီး ခြေ ၁ဖက် လုံးဝပြတ်ထွက်သွား

ကျောက်ဖြူမြို့နယ်တွင် ဒေသခံ ၁ဦး စစ်ကောင်စီထောင်ထားခဲ့သည့် မိုင်းနင်းမိပြီး ခြေ ၁ဖက် လုံးဝပြတ်ထွက်သွား

AB News – ဖေဖော်ဝါရီလ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၁ဦးသည် ယမန်နေ့ ဖေဖော်ဝါရီလ ၉ရက်၊ နေ့လည် ၂နာရီခွဲအချိန်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိသောကြောင့် ခြေ ၁ဖက် လုံးဝပြတ်ထွက်သွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ခြေ ၁ဖက် လုံးဝပြတ်ထွက်သွားပြီး ဒဏ်ရာရရှိခဲ့သူမှာ ကျောက်ဖြူ မြို့နယ်၊ ပြိုင်းစေ့ကေရွာမှ ဦးမောင်လှရီ ၄၆နှစ် ဖြစ်သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၉ရက်၊ နေ့လည် ၂နာရီခွဲအချိန်တွင်  စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိပြီး ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၁ဦး ခြေ ၁ဖက် လုံးဝပြတ်ထွက်သွားခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“မနေ့က နေ့လည် ၂နာရီခွဲအချိန်မှာ နွားရှာသွားတဲ့ ယောက္ခဖြစ်သူ မောင်ဘကို ရှာဖွေရန်သွားရာ ဂြင်းတပ်တောင်မှာ စစ်ကောင်စီ ထောင်ထားခဲ့သည့် မိုင်းနင်းမိပြီး ခြေ ၁ဖက် ပြတ်သွားတယ်” ဟု ဆိုသည်။

ဂြင်းတပ်တောင်သည် ပြိုင်းစေ့ကေရွာနှင့် အုန်းတောဝက်ဆံရွာကြားတွင်ရှိပြီး ၎င်းတောင်တွင် လွန်ခဲ့သည့် ၃ရက်က စစ်ကောင်စီတပ်က တပ်စွဲကာ အခြေချခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ယခုအချိန်ထိ နွားရှာရန်သွားခဲ့သည့် ဦးမောင်ဘကို ရှာဖွေ၍ မတွေ့ရှိသဖြင့် မိသားစုများမှာ အလွန်စိုးရိမ်နေကြသည်။

ဘယ်ခြေ ၁ဖက် ပြတ်တောက်သွားသည့် ဦးမောင်လှရီမှာ အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ