Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်

AB News-စက်တင်ဘာ ၂၉ ရက်

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ငန်းကျွန်း င/မောက်ကျွိန်ရွာတွင် ယနေ့ ၉ နာရီကျော်ခန့်က ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း သိရသည်။

သေဆုံးသွားသည့် ဆယ်ကျော်သက်အရွယ် မိန်းကလေးမှာ အသက် ၁၆ နှစ် အရွယ်ရှိ မလှမြင့်ရီဖြစ်ပြီး ၎င်းမှာ ဆွေမျိုးတော်စပ်သူ၏ နေအိမ်တွင် မွေးစပ်ခံထားရသူဖြစ်သည်။

ကြိုးဆွဲချ သေဆုံးသွားသူသည် ယနေ့ မနက် ၉ နာရီကျော်က ဝက်စာကျွေးရန် သွားစဥ် ကြိုးဆွဲချ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရွာသားတစ်ဦးက အတည်ပြုပြောသည်။

“ဒီနေ့မနက် ၉ နာရီခွဲလောက်မှာ ကြိုးဆွဲချ သေသွားတာပါ။ ဘာကြောင့် သေသွားတယ်ဆိုတာတော့မသိပါဘူး။ သူက သူ့အမေဖက်က အမျိုးအိမ်မှာ နေတာပါ” ဟု ပြောသည်။

၎င်း၏ ဖခင်မှာ နောက်အိမ်ထောင်နှင့် နေပြီး မိခင်ဖြစ်သူမှာ သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် င/မောက်ကျွိန်ရွာရှိ ၎င်းမှာ မိခင်၏ ဆွေမျိုးဖြစ်သော ဦးအောင်တင်နု ဒေါ်သန်းဝင်းကြည်တို့၏ နေအိမ်တွင် မွေးစပ်သမီးအဖြစ် နေထိုင်နေသူဖြစ်ကြောင်း ရွာသားများက ပြောသည်။

၎င်း၏ အသုဘရုပ်အလောင်းအား မနက်ဖြန် သင်္ဂြိုလ်သွားမည်ဖြစ်သည်။

ကျောက်ဖြူမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် မိန်းကလေး တစ်ဦး ကြိုးဆွဲချ သေဆုံးမှုဖြစ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ