Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့နယ်တွင် စိတ်ဝေဒနာခံစားနေရသည့် မိခင်နှင့်အတူ ကလေး၂ ဦး ၄ ရက်ကြာပျောက်ဆုံးနေ

ABN-ထက်မြတ်ခင်

ကျောက်ဖြူမြို့နယ် ဂုန်းချိန်ကျေးရွာတွင် စိတ်ဝေဒနာခံစားနေရသည့် မိခင်တစ်ဦးနှင့်အတူ ၄နှစ်သားအရွယ်ကလေးတစ်ဦးနှင့်၇နှစ်အရွယ်ကလေး တစ်ဦးတို့ ၄ရက်ကြာပျောက်ဆုံးနေသည်ဟုသိရသည်။

ပျောက်ဆုံးနေသူများမှာ ကျောက်ဖြူမြို့နယ် ဂုန်းချိန်းကျေးရွာမှ ကလေးဦးမိခင် မ စုချေ အသက် ၂၇နှစ်၊ ၁ တန်းကျောင်းသူ မဝင်းဝင်းကြည် ၇နှစ်နှင့် မအငယ်မချေ ၄ နှစ်တို့ဖြစ်ကြောင်းသိရသည်။

မစုချေမှာစိတ်ဝေဒနာခံစားနေရသူဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၆ရက်နေ့ နံနက်အစောပိုင်းတွင် ကလေးနှစ်ဦးနှင့် အတူ ပျောက်ဆုံးသွားကြောင်း မစုချေ၏ညီမ ပြောကြားချက်အရသိရသည်။

“ပျောက်သွားတာကတော့ သောကြာနေ့ကပါ လူတွေကတော့ သူတို့မြင်လိုက်တဲ့နေရာတွေကို ပြောကြပါတယ်၊ အဲဒီနေရာတွေအားလုံးကို ရှာပြီးပါပြီ၊ အခုထိမတွေ့သေးပါဘူး” ဟု ပြောသည်။

မစုချေနှင့် ကလေးနှစ်ဦးအား တွေ့ရှိပါက အောက်ပါဖုန်းနံပါသို့ ဆက်သွယ်သတင်းပေးပို့နိုင်ပါသည်။

မစုချေညီမ ဖုန်း – ၀၉၂၅၀၇၆၃၉၂၃

ကျောက်ဖြူမြို့နယ် ဂုန်းချိန်ရွာ

ကျောက်ဖြူမြို့နယ်တွင် စိတ်ဝေဒနာခံစားနေရသည့် မိခင်နှင့်အတူ ကလေး၂ ဦး ၄ ရက်ကြာပျောက်ဆုံးနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။