Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့တွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ ) ဖြင့် တရားစွဲခံထားရသူများအား ၁၆ ကြိမ်မြောက် ရုံးချိန်းသော်လည်း တရားလိုမရောက်

ကျောက်ဖြူမြို့တွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ ) ဖြင့် တရားစွဲခံထားရသူများအား ၁၆ ကြိမ်မြောက် ရုံးချိန်းသော်လည်း တရားလိုမရောက်

ABN – ရှိုင်းမိုး

ကျောက်ဖြူမြို့တွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲခံထားရသူများအား ၁၆ ကြိမ်မြောက် ရုံးချိန်းတွင်လည်း စစ်ကောင်စီတပ် တရားလိုမရောက်၍ စစ်ဆေးနိုင်ခြင်းမရှိဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သည်ဟု အမှုရင်ဆိုင်နေရသည့် မိသားစုဝင်တစ်ဦးက ပြောသည်။

မတ်လ ၂၉ရက်နေ့ ၁၀နာရီကျော်အချိန်တွင် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါအဝင် တရားစွဲခံရသူ ၁၄ ဦးကို ရုံးထုတ်ခဲ့သော်လည်း တရားလိုမ‌ရောက်သည့်အတွက် ရုံးချိန်း ထပ်မံချိန်းဆိုလိုက်ကြောင်း ဦးဝင်းမောင်၏ သမီးကပြောသည်။

“ ဒီ တစ်ကြိမ်ဆိုရင် ၁၆ ကြိမ်မြောက်ရှိပါပြီ၊ ရုံးချိန်းတာ ဒါပေမယ့် တစ်ကြိမ်မျှ တရားလိုမရောက်ပါဘူး၊ ဘာမှလည်းထူးခြားမှုမရှိပါဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဦးဝင်းမောင်မှာ ကျန်းမာရေး မကောင်းဖြစ်နေသည်ဟု သမီးဖြစ်သူကပြောသည်။

“ သွေးတိုးတယ်လို့ပြောပါတယ်၊ ကျွန်မတို့လည်း ရုံးချိန်းတဲ့ရက်တွေမှသိရတယ်၊ အဖေက အသက်ရှုကြပ်တဲ့ရောဂါရှိပါတယ်၊ နှလုံးလည်းမကောင်းပါဘူး၊ သူ့ကို ရန်ကုန်နှင့် ပုသိမ်မှာလည်းပြထားရပါတယ်၊ အိမ်မှာ နေတဲ့ခါဆိုရင် ဆေးရုံကိုမကြာခဏ တက်နေရပါတယ်၊ အခုနေမကောင်းလို့ ဆေးသွားပေးနေရပါတယ်၊ ဖြစ်နိုင်ရင်အပြင်မှာ ကုချင်ပါတယ်၊ အဖေ့ရောဂါက သေချာ ဂရုမစိုက်ရင် အဆင်မပြေပါဘူး” ဟု ဆက်ပြောသည်။

ဦးဝင်းမောင်သည် ၂၀၂၂ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈နာရီအချိန်တွင် အရပ်ဝတ်​ဖြင့် လက်နက်ကိုင်ဆောင်ထားသည့် လူ ၆ဦးက ရပ်ကွက်အုပ်ချုပ်​ရေးမှူး ဦးဝင်းမောင်နေအိမ်ကို ဝင်ပြီး မျက်နှာကိုအဝတ်ဖြင့်စည်းကာ ဖမ်းခေါ်သွားခဲ့ကြောင်းသိရသည်။

ကျောက်ဖြူမြို့မှ အရပ်သားများကို ULA/AAနှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ တရားလိုလုပ် တရားစွဲဆိုထားသည့် အမှုသည် ၆၀ ကျော်ထိရှိနေပြီး၊ ၎င်းတို့အား ကျောက်ဖြူမြို့နယ်တရားရုံးတွင် ရုံးချိန်းများကို ပုံမှန်ထုတ်နေသော်လည်း တရားလိုလုပ် စွဲဆိုထားသည့် စစ်ကောင်စီဖက်မှ ဗိုလ်ကြီး ရှိုင်းထက်အောင်နှင့် ဗိုလ်အဆင့်ရှိသူ တစ်ဦးတို့မှာ တစ်ကြိမ်တစ်ခါမှ ရုံးချိန်းတက်ရောက်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ထို့အတူ တခြားသော စစ်တွေ၊ မြောက်ဦး၊ ကျောက်တော် စသည့် မြို့နယ်များတွင်လည်း ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ တရားစွဲခံထားရသည့်အမှုများတွင်လည်း တရားလိုမရောက်၍ အမှုကြန့်ကြာမှုများသာ ဖြစ်နေရသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။