Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့တွင် စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသားများကို တင်ယူရန်လာသည့် ဒေသခံ ရွာသား ၁ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးထား

ကျောက်ဖြူမြို့တွင် စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသားများကို တင်ယူရန်လာသည့် ဒေသခံ ရွာသား ၁ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးထား

AB News – ဖေဖော်ဝါရီလ ၇၊ ၂၀၂၄

ကျောက်ဖြူမြို့တွင် စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသားများကို တင်ယူရန်လာသော ဒေသခံ ရွာသား ၁ဦးကို ယနေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီက မတရားဖမ်းဆီးထားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့နယ်၊ မရဇိုင်းတိုက်နယ်၊ စွန်ပန်းချိုင် သဲတန်းရွာက ဦးကျော်မြင့်ဆန်း ၄၀နှစ် ဖြစ်သည်။

ယနေ့ ဖေဖော်ဝါရီလ ၇ရကျ၊ နံနက် ၁၁နာရီခန့်အချိန်တွင် စစ်ကောင်စီက ကျောက်ဖြူမြို့တွင် စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသားများကို လာရောက်ယူဆောင်လာသော ဒေသခံရွာသား ၁ဦးကို ဖမ်းဆီးခဲ့ကြောင်း နောက်ထပ် ဒေသခံရွာသား ၁ဦးက ပြောဆိုသည်။

“ဒီနေ့ မနက်မှာ ဦးခင်မောင်လွင်နဲ့ ဦးကျော်မြင့်ဆန်း ကျောက်ဖြူမြို့မှာ စာမေးပွဲဖြေဆိုပြီးတဲ့ သဲတန်းရွာကကျောင်းသားတွေကို ယူဖို့ သွားကြတာ ကျောက်ဖြူမြို့ကို ရောက်တော့ ဦးခင်မောင်လွင်ဟာ စျေးကိုသွားခဲ့ပြီးတော့ ကျောင်းသားတွေ အလာကို စက်လှေမှာ ထိုင်စောင့်နေတဲ့ ဦးကျော်မြင့်ဆန်းကို အရပ်ဝတ် ဝတ်ထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်” ဟု ဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ရကျ၊ နံနက် ၁၁နာရီခန့်အချိန်တွင် စစ်ကောင်စီတပ်သား ၆ဦးသည် စက်လှေကိုယူဆောင်ကာ က ဦးကျော်မြင့်ဆန်းကိုလည်း ငလပွိချောင်းအတွင်း မတရား ဖမ်းဆီးသွားကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသည့် ဦးကျော်မြင့်ဆန်းနှင့် အဆက်အသွယ်မရသဖြင့် မိသားစုများမှာ အလွန်စိုးရိမ်ကြောင်း သိရသည်။

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ဂုံးချွိန်ကျေးရွာမှ အသက်အပြည့်သေးသည့် ကျောင်းသား ၂ဦး၊ အသက် ၁၇ နှစ်အရွယ် ကျဘမ်းလုပ်ကိုင်သူလူငယ် ၁ ဦးနှင့် အသက် ၅၃နှစ်အရွယ် စျေးရောင်းချနေသူ လက်လုပ်လက်စားဒေသခံအမျိုးသမီး ၁ ဦးတို့သည် စျေးသည်အချို့၏ ကုန်ပစ္စည်းများအား ကျောက်ဖြူမြို့မစျေးသို့ လှေဖြင့် သွားရောက်ပိုဆောင်ပေးနေခဲ့သည့်အချိန်၌ ကျောက်ဖြူ GTI ကျောင်းနားတွင် စခန်းချတပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်မှ မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်ဟု ညီနောင် ၃ဖွဲ့က ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ