Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြိုမှ ငါးဖမ်းသင်္ဘောတစ်စီး မာန်အောင်တိုက်ကျွန်းတွင် နစ်မြုပ်၍ ၂ ဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာပြင်းထန်ရ

ABN – သူရမောင်

ဇန်နဝါရီလ ၁၀ ရက်နေ့က ကျောက်ဖြူမြိုမှ ငါးဖမ်းသင်္ဘောတစ်စီးသည် မာန်အောင်ကျွန်းအနီး တိုက်ကျွန်းတွင် နစ်မြုပ်သွားခဲ့သည့်အတွက် သေဆုံးသူ ၂ ဦးနှင့် ဒဏ်ရာရသူ ၅ ဦးရှိခဲ့ကြောင်း ဒေသတွင် သတင်းပေးပို့ချက်အရသိရသည်။

သင်္ဘောနစ်မြုပ်ရာတွင် သေဆုံးသွားခဲ့သူများမှာ ကျောက်ဖြူမြို ငလပွိရပ်ကွက်မှ အမိ ဒေါ်မိငယ်၏ သား ကိုမောင်ရင်အောင် ၂၀ နှစ်နှင့် သင်္ဘောမှ စက်ဆရာတစ်ဦးတိုဖြစ်ကြပြီး သေဆုံးသွားခဲ့သည့် စက်ဆရာအား နေရပ်နှင့် နာမည်ကို မသိရှိရသေးပေ။

နစ်မြုပ်သွားခဲ့သည့် ငါးဖမ်းသင်္ဘောမှာ ကျောက်ဖြူမြို့မှ ထူးထက်အောင် ၇၂ အမည်ရပြီး ပိုင်ရှင်ကိုလည်းမသိရသေးပေ။

သင်္ဘောမှာ မာန်အောင်ကျွန်းအနီး တိုက်ကျွန်းတွင် ဇန်နဝါရီလ ၁၀ ရက်နေ့ ညနေ ၄ နာရီက စက်အင်ဂျင်မီးလောင်ကာ ပေါက်ကွဲနစ်မြုပ်သွားခြင်းဖြစ်ပြီး သင်္ဘောတွင် လိုက်ပါသွားခဲ့သူ ၄၀ ဦးထဲမှ ၂ ဦးသေဆုံးခဲ့ရပြီး ၅ ဦးဒဏ်ရာရခဲ့ခြင်းဖြစ်သည်။

“သူတို့ (သေဆုံးသွားခဲ့သူ ၂ ဦး)က အင်ဂျင်မီးလောင်နေလိုဆိုပြီး အင်ဂျင်ခန်းကို ဝင်သွားခဲ့ကြတာပါ၊ သူတိုဝင်သွားတုန်းမှာပဲ အင်ဂျင်က ထပေါက်တာ၊ လူငါးယောက်လောက်က သူတိုကို သွားကယ်ကြတာပါ၊ အင်ဂျင်ကွဲတာက အရမ်းပြင်းတော့ အဲဒီငါးယောက်ကို ထိသွားတာပါ၊ သူတို့လည်း ဒဏ်ရာရသွားတော့ ဟိုနှစ်ယောက်ကို မကယ်နိုင်ခဲ့ပါဘူး” ဟု ကျောက်ဖြူမြို့မှ သေဆုံးသွားခဲ့သည့် ကိုမောင်ရင်အောင်၏ ဦးလေးဖြစ်သူက ABNသို့ ပြောသည်။

သင်္ဘောပျက်ရာမှ လွတ်မြောက်လာခဲ့သူ ၃၇ ဦးတို့မှာ ဇန်နဝါရီလ ၁၁ ရက်နေ့က ကျောက်ဖြူမြို့သို ရောက်ရှိခဲ့ကြပြီး ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျောက်ဖြူရဲစခန်းသို့ စစ်ဆေးမှုခံယူရန် သွားခဲ့ရကြောင်း သိရသည်။

လက်ရှိအချိန်ထိ သင်္ဘောနစ်မြုပ်ရာတွင် သေဆုံးသွားခဲ့သည့် ကိုမောင်ရင်အောင်နှင့် စက်ဆရာတို့၏ အလောင်းများကို ဖော်ယူရရှိခြင်းမရှိသေးပေ။

အခင်းဖြစ်မှုနှင့်ပတ်သက်၍ ဓာတ်ပုံမှတ်တမ်းများရရှိနိုင်ရန် ABN မှ ဆက်လက်ကြိုးစားနေဆဲဖြစ်သည်။

ကျောက်ဖြူမြိုမှ ငါးဖမ်းသင်္ဘောတစ်စီး မာန်အောင်တိုက်ကျွန်းတွင် နစ်မြုပ်၍  ၂ ဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာပြင်းထန်ရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။