Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူနယ်တွင် အမျိုးသား ၁ ဦးဟင်းရှာသွားစဥ် မိုင်းနင်းမိပြီး ခြေ ၁ ဖက်ပြတ်

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အမျိုးသား ၁ ဦး ဟင်းရှာသွားစဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိပြီး ညာဖက်ခြေ ၁ ဖက်ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။

ညာဖက်ခြေပြတ်ထွက်သွားသူမှာ ကျောက်ဖြူမြို့၊ ဂုံးချွိန်တိုက်နယ်၊ မလကျွန်းရွာမှ အသက် ၄၆ နှစ်အရွယ် ဦးစိုးမင်းထွန်းဖြစ်ကြောင်း သိရသည်။

၎င်းသည် ယနေ့၊ ဧပြီလ ၉ ရက် နံနက်ပိုင်း ၇ နာရီကျော်တွင် ရေနံကုန်းတောင်သို့ ဟင်းရှာသွားစဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းကိုနင်းမိခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

သူက မလကျွန်းကနေပြီး ရေနံကုန်းဖက်ကို ဟင်းရှာဖို့သွားပါတယ်။ စစ်ကောင်စီရဲ့ အုန်းတောကြားမှာ ထောင်ထားတဲ့ မိုင်းကိုနင်းမိသွားတယ်။ ညာခြေ ၁ ဖက်ပြတ်ထွက်သွားပါတယ် ဟု

ဒေသခံတစ်ဦးက ဆိုသည်။

ခြေ ၁ ဖက်ပြတ်တောက်သွားခဲ့သည့်အတွက် အရေးပေါ်ဆေးရုံတင်ထားရပြီး ဆေးကုသစရိတ်လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်၊ နံနက်ပိုင်း ၇ နာရီကျော် တွင် ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် ဝတ်ဆံထောင့်မှ ဦးကိုဝင်းသည် ဒိုးတန်းတောင်သို့ ပိန်နဲသီး ခူးရန်သွားစဥ် စစ်ကောင်စီထောင်ထားသည့်မိုင်းကိုနင်းမိပြီး ခြေ ၁ ဖက်ပြတ်ထွက် သွားခဲ့သည်။

စစ်တွေမြို့ ပတ်ပတ်လည်တွင်လည်း စစ်ကောင်စီက ရေမြှုပ်မိုင်းများထောင်ထားကြောင်း မြို့ခံများ ပြောပြချက်အရသိရသည်။

စစ်ကောင်စီသည် ၎င်းတို့ စခန်းရှိရာ ပတ်ဝန်းကျင်နှင့် လူသွားလူလာ သွားလမ်း၊ တောလမ်းများတွင် မြေမြှုပ်မိုင်းများ ထောင်ထားလျက်ရှိသည့်အတွက် ဒေသခံများအနေဖြင့် တောတောင်များသို့ အသွား အလာဆင်ခြင်သင့်သည်။

#ABN#ကျောက်ဖြူ# စစ်ကောင်စီထောင်မိုင်းနင်းမိပြီး ခြေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ