Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူနယ်တွင် လာမည့် ​ဇွန်လ ၂၄ ရက်နေ့၌ စကစ ဓညဝတီရေတပ်စခန်းမှ လက်နက်ကြီး လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မည်ဟု သိရ

ကျောက်ဖြူနယ်တွင် လာမည့် ​ဇွန်လ ၂၄ ရက်နေ့၌ စကစ ဓညဝတီရေတပ်စခန်းမှ လက်နက်ကြီး လက်နက်ငယ်များ စမ်းသပ်ပစ်ခတ်မည်ဟု သိရ

ABN-ထက်မြတ်ခင်

ဇွန်လ ၂၂ရက်

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ ဓညဝတီရေတပ်စခန်းမှ လာမည့် ဇွန်လ ၂၄ ရက်နေ့၌ လက်နက်ကြီး၊ လက်နက်ငယ်၊ စက်သေနတ်များ လေ့ကျင့်ပစ်ခတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုပစ်ခတ်ချိန်အတွင်း ဒေသတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ခရီးသွားပြည်သူများအား ခရီးသွားလာခြင်း မပြုကြရန် ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ဓညဝတီရေတပ်စခန်း ကွပ်ကဲမှု အောက်ရှိ အမှတ်(၁၈)ရေတပ်စခန်းအနေဖြင့် ဇွန် ၂၄ရက်နေ့ နံနက် ၉နာရီမှ ညနေ ၇နာရီအထိ စခန်း၏ အရှေ့ဘက် သံဇစ်မြစ်အတွင်းရှိ ဓာတ်တောင်ကျွန်းနှင့် ကုလားမကျွန်းအနီးတို့တွင် လက်နက်ကြီး၊ လက်နက်ငယ်များကို လေ့ကျင့်ပစ်ခတ်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ပါရှိသည်။

စစ်ကောင်စီတပ်၏ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီ ရေတပ်စခန်းမှ မကြာမကြာ လက်နက်ကြီးငယ်များ စမ်းသပ်ပစ်ခတ်မှုများရှိနေသည်။

ဓာတ်ပုံ-BBC

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ