Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူနယ်တွင် ဓညဝတီရေတပ်စခန်းကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်

ကျောက်ဖြူနယ်တွင် ဓညဝတီရေတပ်စခန်းကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်

AB News – ဇန်နဝါရီ ၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြိုနယ် သစ်ပုတ်တောင်ရွာအနီးတွင်ရှိသော စကစ ၏ ” ဓညဝတီ”ရေတပ်စခန်းကို ရက္ခိုင့်တပ်က ပထမဆုံးအကြိမ် စတင်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ညီနောင် ၃ ဖွဲက ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့ ညဥ့် ၁၂ နာရီ ၂၈ မိနစ်က ထုတ်ပြန်ခဲ့သည်။

ဓညဝတီရေတပ်စခန်းသည် စစ်ကောင်စီ၏  လက်နက်အင်အားအကောင်းဆုံးရေတပ်စခန်းကြီးတစ်ခုဖြစ်ပြီး ထိုမြစ်တလျှောက် သွားလာနေသည့် ဒေသခံများအား အမျိုးမျိုး ဒုက္ခပေး နှောက်ယှက်နေသည့် တပ်လည်းဖြစ်သည်ဟု ဒေသခံများအဆိုအရ သိရသည်။

ထုတ်ပြန်ချက်တွင် ယမန်နေ့၊ နံနက် (၆) နာရီဝန်းကျင်၌ ရက္ခိုင်ပြည်၊ ကျောက်ဖြူမြိုနယ်၊ သစ်ပုတ်တောင်‌ကျေးရွာအနီးရှိ စစ်ကောင်စီ၏ “ဓညဝတီရေတပ်စခန်း” အား ရက္ခိုင့်တပ်တော် (AA) မှ ပထမဆုံးအကြိမ် စတင်တိုက်ခိုက်ခဲ့သည်ဟု မြောက်ပိုင်း ညီနောင် ၃ ဖွဲကဆိုသည်။

ရက္ခိုင့်တပ်တော်က စကစ၏ ဓညဝတီရေတပ်စခန်းကို ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့စဥ်အတွင်း ၂ ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ရက္ခိုင်ပြည်၊ ရမ်းဗြဲမြိုတွင်လည်း ရက္ခိုင့်တပ်တော် (AA) နှင့် မြိုတွင်း စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲဝင်များကြား ထိတွေ့တိုက်ပွဲများ ဆက်လက်ရှိနေခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိတွင် ကျောက်ဖြူမြိုနယ် အနီးတွင် တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ထိတ်လန့်ပြီး ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို စတင်တိမ်းရှောင်နေပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ ကုန်သွယ်မှုဆိုင်ရာ အချက်အချာကျသော ဗျူဟာကုန်းများ၊ တပ်စခန်းအများစုမှာ ရက္ခိုင့်တပ်တော်လက်အောက်သို အချိိန်ကိုက်ကျရောက်နေသည့်အတွက် ရူံးမဲမဲနေသော စကစ အဖွဲဝင်များလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရက္ခိုင်ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ