Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူနယ်တွင် ဒေသခံရေလုပ်သားများ ပိုက်ချခွင့်ပြန်လည်ရရှိ

ကျောက်ဖြူနယ်တွင် ဒေသခံရေလုပ်သားများ ပိုက်ချခွင့်ပြန်လည်ရရှိ

ABN-ရှိုင်းမိုး

ရခိုင်ပြည်ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာမှ ကျားပိုက်ချ၍ စားသောက်နေသော ရေလုပ်သား ၁၅ဦးကို ကျားပိုက်ချရန်ပြန်လည်ခွင့်ပြုပေးလိုက်သည်ဟု ရေလုပ်သားတစ်ဦးက ပြောသည်။

စစ်ကောင်စီမှဖုန်းဖြင့် ပြန်ဆက်သွယ်လာပြီး ကျားပိုက်ပြန်လည်ချလို့ရပြီဖြစ်ကြောင်း ရေလုပ်သားများကိုပြောသည်ဟု ဆိုသည်။

“မနေ့က သူတို့ဖက်က ဖုန်းဆက်လာပါတယ်၊ ပိုက်ချလို့ရပြီဆိုပြီးတော့ ဒါကြောင့်ဒီနေ့ ပိတ်ပြန်ချကြပါတယ်၊ ကျွန်တော်တို့ ၁လနီးပါးလောက်အပိတ်ခံလိုက်ရပါတယ်၊ အဲဒါကြောင့်လည်း အဆင်မပြေမှုတွေအများကြီးပါ၊ ကျွန်တော်က ရေလုပ်ငန်းလုပ်ကိုင်စားသောက်နေကြတဲ့သူတွေပါ၊ အခုလိုအပိတ်ခံလိုက်ရတဲ့အတွက်လည်း အတော်နစ်နာကြပါတယ်” ဟု ရေလုပ်သားတစ်ဦးကပြောသည်။

သင်္ဘောကြီးပြန်ထွက်သွားသောကြောင့် ကျားပိုက်ပြန်ချခွင့်ရသည်ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၂၃ရက်နေ့မှစ၍ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာမှ စစ်ကောင်စီရေတပ်အနီးတွင် ပိုက်ချစားနေသည့် ရေလုပ်သား ၁၅ဦးကို ပိုက်ချခွင့်တားမြစ်လိုက်သည့်အတွက် ရေလုပ်သား မိသားစုများမှာ စားဝတ်နေရေးအခက်ကြုံနေခဲ့ကြရသည်။

ထိုဒေသခံ ရေလုပ်သားများ၏ ပိုက်များကြောင့် စစ်ကောင်စီတပ် နေဗီ၊ တရုတ်ရေနံတင်သင်္ဘောများ အလွယ်တကူသွားလာ၍ မရသောကြောင့် တားမြစ်ခံခဲ့ရခြင်းဖြစ်သည်။

ထိုသို့ ပိုက်မချရဟု တားမြစ်ခံထားရသည့် ၁လတာကာလအတွက်လည်း မည်သည့် လျော်ကြေးမှ မရရှိကြကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။