Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူနယ်တွင် ဒေသခံရေလုပ်သားများအား ပိုက်ချခွင့် တားမြစ်ထားသည့်အတွက် စားဝတ်နေရေး အခက်ကြုံနေရ

ကျောက်ဖြူနယ်တွင် ဒေသခံရေလုပ်သားများအား ပိုက်ချခွင့် တားမြစ်ထားသည့်အတွက် စားဝတ်နေရေး အခက်ကြုံနေရ

ABN-ရှိုင်းမိုး

ဖေဖော်ဝါရီလ ၂၃ရက်နေ့မှစ၍ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာမှ စစ်ကောင်စီရေတပ်အနီးတွင် ပိုက်ချစားနေသည့် ရေလုပ်သား ၁၅ဦးကို ပိုက်ချခွင့်တားမြစ်လိုက်သည့်အတွက် ရေလုပ်သား မိသားစုများမှာ စားဝတ်နေရေးအခက်ကြုံနေရကြောင်း သိရသည်။

ထိုဒေသခံ ရေလုပ်သားများ၏ ပိုက်များကြောင့် စစ်ကောင်စီတပ် နေဗီ၊ တရုတ်ရေနံတင်သင်္ဘောများ အလွယ်တကူသွားလာ၍ မရသောကြောင့် တားမြစ်ခံထားရခြင်းဖြစ်ကြောင်း ရေလုပ်သားတစ်ဦးက ပြောသည်။

ထိုသို့ ပိုက်ချခွင့်ကို စစ်ကောင်စီရေတပ်က ပိတ်ပင်ထားသည့်အတွက် ဒေသခံရေလုပ်သားများမှာ အလုပ်လက်မဲ့ဖြစ်ကာ စားဝတ်နေရေးအခက်ကြုံနေရကြောင်း ရေလုပ်သားတစ်ဦးက ပြောသည်။

“အခုလို ပိတ်ခံထားရတော့ ကျနော်တို့အတွက် အတွက်အရမ်းအခက်အခဲဖြစ်သွားပါတယ်၊ စားဝတ်နေရေးကအစ အဆင်မပြေပါဘူး၊ ကျနော်တို့က ပိုက်ချလို့စားနေရတာ၊ အခုလို ပိုက်တင်ထားရင် အလုပ်လက်မဲ့နေနေရတယ်၊ တခြားမလုပ်လည်းမရှိပါဘူး” ဟု ပြောသည်။

တားမြစ်ပိတ်ပင်ခံထားရသူများမှာ ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရွာမှ ဦးစံရွှေ၊ ဦးမောင်မြင့်ရွှေ၊ ဦးအောင်ဇံအေး၊ ဦးမောင်ထွန်းအောင်၊ ဦးမောင်ထွန်းနု၊ ဦးအောင်ခင်၊ ဦးအောင်သန်းမောင်၊ ဦးခင်သန်းမောင်၊ ဦးထွန်းအေး၊ ဦးကိုမင်း၊ ဦးအောင်ဝင်း၊ ဦးအောင်ဇံဦး၊ ဦးအောင်ရွှေဦး၊ ဦးအောင်သန်းရွှေ၊ ဦးညိုဝင်း နှင့် ဦးင/ချွန်တို့ဖြစ်ကြသည်။

ရေလုပ်သား တစ်ဦးလျှင် ကျားပိုက် ၃လုံးနှင်​ြ အထက်ရှိပြီး ထိုသို့ တားမြစ်ခံထားရသည့်အတွက် မိသားစုစားဝတ်နေ‌ရေးအတွက် အခက်အခဲ ဖြစ်နေကြသည်။

သစ်ပုတ်တောင် စစ်ကောင်စီရေတပ်အား ရေလုပ်သား တစ်ဦးက ဖုန်းဆက်မေးကြည့်ရာ ပိုက်ချ၍ မရသေးဟု ပြောကြောင်း ဆိုသည်။

“ကျနော် ဖုန်းလှမ်းဆက်မေးကြည့်ပါတယ်၊ ဒါပေမယ့် သူတို့က သင်္ဘောကြီးမဝင်သေးလို့ ပိုက်ချလို့မရသေးဘူး၊ သင်္ဘောကြီးဝင်ပြီးမှ ပိုက်ချခွင့်ရမယ်”ဟု ပြောကြောင်း ဆိုသည်။

ကျောက်ဖြူမြို့နယ် သံဇစ်မြစ်ထဲတွင် တရုတ်ရေနံတင်သင်္ဘောများ ဖြတ်သန်းသွားလာမှုများကြောင့် ဒေသခံ ရေလုပ်သားများ၏ ပိုက်များမှာ မကြာမကြာ ငြိပါသွားသော်လည်း လျော်ကြေး မရကြောင်း မဒေးကျွန်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။