Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ULA/AAအဖွဲ့မှ မုန်တိုင်းအသိပေးဆိုင်းဘုတ်ကပ်ထားသည်ကို စစ်ကောင်စီတပ်ကဖျက်ဆီး

ကျောက်ဖြူတွင် ULA/AAအဖွဲ့မှ မုန်တိုင်းအသိပေးဆိုင်းဘုတ်ကပ်ထားသည်ကို စစ်ကောင်စီတပ်ကဖျက်ဆီး

ABN-ရှိုင်းမိုး

ကျောက်ဖြူမြို့ ဇင်းချောင်အုပ်စု၊ ဆယ်အိမ်စုရပ်ကွက် အဝေးပြေးကားလမ်းအနီးမှ ဦးသာလှစိန်နေအိမ်အနီးတွင် ULA/AA မှ မုန်တိုင်းအသိပညာပေးထုတ်ပြန်ထားသည့် ဆိုင်းဘုတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်က လာရောက်ဖျက်ဆီးသွားသည်ဟု ဒေသခံများပြောကြားချက်အရသိရသည်။

မေလ ၁၀ရက်နေ့ နံနက် ၈နာရီကျော်အချိန်တွင် ဇင်ချောင်းရဲစခန်းတွင် စခန်းချနေထိုင်သော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးက လာရောက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသည် အနီးအနားရှိ ဒေသခံအချို့ကို ဆိုင်ဘုတ်ကပ်ထားခြင်းနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟုသိရသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးသည် ဦးသာလှစိန်၏ ဇနီးဖြစ်သူကိုလည်း မုန်တိုင်းအသိပေးဆိုင်ဘုတ်ကို “ဘယ်သူတွေလာပြီးကပ်တာလဲ” ဆိုပြီးမေးမြန်းခဲ့သည်ဟုသိရသည်။

“ ၁၀ရက်နေ့ ၈နာရီကျော်လောက်ရှိဖို့ထင်ပါတယ်၊ စစ်သား ၁၀ယောက်လာပြီး၊ မုန်တိုင်းဆိုင်ဘုတ်ကိုလာပြီးဖျက်ဆီးကြပါတယ်၊ ပြီးတော ဘယ်သူကပ်တာလဲမေးပါတယ်” ဟု ဦးသာလှစိန်၏ဇနီးက ပြောလိုက်ကြောင်း စုံစမ်းသိရှိရသည်။

ထို ဆိုင်းဘုတ်ကို မှတ်တမ်းဓာတ်ပုံများရိုက်၍ ဖျက်ဆီးကာ ဇင်ချောင်းရဲစခန်းသို့ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ထိုနေ့ ၂နာရီအချိန်တွင် ဇင်ချောင်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးနှင့် ဂိတ်စာရေး၊ တပ်ကြပ်ကြီး ဦးအေးနုနှင့် ရဲတပ်သား ဦးစန်းအောင် စုစုပေါင်း ၉ဦးတို့သည် ကုန်ဘောင်ကြီးရွာမှ ဦးသန်းအောင်နေအိမ်သို့သွားကြပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟုသိရသည်။

ဦးသန်းအောင်မှာ လက်ရှိတွင် ကချင်တွင် အလုပ်သွားလုပ်နေသည်မှာ နှစ်အတန်ကြာပြီဟု ရွာသား ၁ ဦးက ပြောသည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဦးသန်းအောင်၏ နေအိမ်ခြံထဲတွင် မိနစ် ၂၀ခန့် ရှာဖွေခဲ့ပြီး ဇင်ချောင်းရဲစခန်းသို့ ပြန်သွားခဲ့သည်ဟုသိရသည်။

ရခိုင်ဒေသအတွင်းသို့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကျရောက်လာဖွယ်ရှိနေသည့်အတွက် ရက္ခိုင့်တပ်တော်က အသိပညာပေးဆိုင်းဘုတ်များ ရခိုင်ပြည်အနှံ့ကပ်၍ အသိပေးခြင်း၊ အွန်လိုင်းမှ အသိပေးခြင်းများကို ပြုလုပ်လျက်ရှိပြီး၊ မုန်တိုင်းရှောင်ပြည်သူများကိုလည်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ