Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ULA/ AAနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသူများထဲမှ အရပ်သားတစ်ဦး ပြန်လည်လွတ်မြောက်လာ

ABN – သူရမောင်

ကျောက်ဖြူတွင် ULA/ AAနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသူများထဲမှ အရပ်သားတစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသတွင်းသတင်းပေးပို့ချက်အရ သိရသည်။

ပြန်လည်လွတ်မြောက်လာသူမှာ ရန်ကုန်မှ အဖ ဦးကြည်စိန်၏ သား ဦးတေဇော်လင်း ၄၅ နှစ် ဟိုင်လုံငါးဖမ်းသင်္ဘောမှဖြစ်ပြီး ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၀ နာရီကျော်တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ဦးတေဇော်လင်းမှာ အောက်တိုဘာလ ၁ရက် ၂၀၂၂ ခုနှစ်က ULA/AA အခွန်ကိစ္စနှင့် ပတ်သက်သည်ဟုဆိုကာ ကျောက်ဖြူမြို့အခြေစိုက် ၃၄ တပ်ရင်းမှ ဖမ်းဆီးထိမ်းသိမ်းခဲ့ကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးတေဇော်လင်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ၄လနီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ထို့အတူ ကျောက်ဖြူမြို့တွင် ULA/AAနှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံထားရသည့် အရပ်သားပြည်သူအပါအဝင် စစ်ကောင်စီခန့် အစိုးရဝန်ထမ်း ၈၂ ဦးထိရှိနေသည်။

ကျောက်ဖြူတွင် ULA/ AAနှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရသူများထဲမှ အရပ်သားတစ်ဦး ပြန်လည်လွတ်မြောက်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။