Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် IDPစခန်းမှ မူဆလင်ဒုက္ခသည် ၁၃ ဦးနှင့် အရပ်သားရက္ခိုင်ပြည်သူ ၈ ဦးအား စစ်ကောင်စီ ဖမ်းဆီး

( အသက်မပြည့်သေးသည့် ကျောင်းသူ ၂ ဦးကိုပြန်လွှတ်)

AB News – ဒီဇင်ဘာ ၁၈၊ ၂၀၂၃

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် IDP စခန်းမှ မူဆလင် ဒုက္ခသည် ၁၃ ဦးနှင့် အရပ်သားရက္ခိုင် ပြည်သူ ၈ ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ပြီး အသက်မပြည့်သေးသည့် ကျောင်းသား ၂ ဦးအား ပြန်လည်လွှတ်ပေးခဲ့ကြောင်း ရက္ခိုင့်တပ်တော် ထုတ်ပြန်ချက် သတင်းအရ သိရသည်။

ဖမ်းဆီးခြင်းခံထားရသူများမှာ ကျောက်တလုံး IDP မူဆလင်စခန်းမှ ဒုက္ခသည် ဒေါ်ကလျာ၊ မသင်္ဂီထွန်း မယေးလေးဝါ၊ မကျန်းချီး၊ ဒေါ်ပုပု၊ ဒေါ်မြင့်မြင့်ဝေ၊ ကိုဖိုးတောင်၊ ဦးဆော့လီရာမော့၊ ကိုဘစော၊ ကိုဟာလီ၊ ကိုစိုးမင်းထွန်း၊ ကိုစိုးပိုင်ထွန်း နှင့် ဦးညီနိုင် ဖြစ်ပြီး ဂုံးချွိန်ရွာမှ ဦးသိန်းဝင်း၊ ဦးဟန်ဝင်းအောင်၊ ဒေါ်လှလှဝင်း၊ ဒေါ်ဝင်းဝင်းအေး ဒေါ်ခင်ထွေးရီ နှင့်ဒေါ်လှမြင့်သန်းဖြစ်သည်။

IDP စခန်းမှ ဒုက္ခသည် မူဆလင်များအပါအဝင် အရပ်သား​ပြည်သူ ၂၁ ဦး တို့သည် ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ၇ နာရီတွင် ကျောက်ဖြူမြို့သို့ဟင်းသီးဟင်းရွက် များရောင်းရန် GTC အနီးမှ ဖြတ်သွားစဥ် လေယာဥ်ကွင်းအနီး၌ လုံခြုံရေးချထားသော စကစ အဖွဲ့မှ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ကျောက်ဖြူမြို့အခြေစိုက် ခလရ ( ၃၄) မှ အင်အား ၃၀ ကျော်ခန့်ရှိသော စစ်ကောင်စီနှင့် ရဲများပူပေါင်းပြီး ဖမ်းဆီးသွားခဲ့ခြင်းကိုခံခဲ့ရကြောင်း သိရသည်။

ထိုသို့ဖမ်းဆီးခြင်းနှင့်ပတ်သတ်ပြီး ဂုံးချွိန် အုပ်ချုပ်ရေးမှူးနှင့် ကျောက်တလုံး IDP စစ်ဘေးရှောင်စခန်း၏အုပ်ရေးမှူးတို့အား ကျောက်ဖြူမြို့ မြို့မရဲစခန်းမှ ခေါ်ယူမေးမြန်းပြီး အသက်မပြည့်သေးသော ကျောင်းသား ၂ ဦးကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ အဖွဲ့ဝင်များသည် ဟင်းသီးဟင်းရွက်သွားရောင်းသည့်ပြည်သူများကို ဖမ်းဆီးမှုများပြုလုပ်လာခြင်းကြောင့် IDP စခန်းနေစစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်အခဲ ဖြစ်လာရသည်ဟု မူဆင်လင်အမျိုးသမီးတစ်ဦးက AB News သို့ပြောသည်။

“သူတို့တွေ ဖမ်းဆီးနေရင် ကျမတို့ရဲ့ဟင်းသီးဟင်းရွက်တွေကိုဘယ်နေရာမှာ သွားရောင်းရမှာလဲ။ အိမ်မှာကလေးတွေနဲ့ ပိုက်ဆံကလိုအပ်တယ်လေ။ ကျမတို့လည်းအငတ်မခံနိုင်ဘူး၊ စိုက်ခင်းကထွက်တဲ့အသီးအရွက်တွေပဲ ရောင်းချနေရတာပါ၊ ဒါကိုဖမ်းဆီးတာတွေလုပ်လာတယ်၊ တရားမျှတမှုတော့ လိုချင်ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူ ၁၉ ဦးတို့အား ကျောက်ဖြူမြို့မရဲစခန်းတွင် ထားရှိပြီး ၎င်းထဲတွင် စျေးသည်အများစုဖြစ်ပြီး ကူးတိုးသည် ၂ ဦးလည်းပါရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည့်အပြင် ပြည်သူများစျေးရောင်ချမှုများကိုလည်း ဖမ်းဆီးမှုပြုလုပ်လာခြင်းကို နေ့စဥ်ရက်ဆက်ပြုလာကြောင်းတွေ့ရသည်။

ယနေ့မနက် ၈ နာရီခွဲခန့်က စပြီး ရမ်းဗြဲမြို့တွင် စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ရဟတ်ယာဥ်နှင့် လက်နက်ကြီးများဖြင့် မြို့ထဲသို့ တိုက်ခိုက်မှုရှိနေသည့်အတွက် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း သိရသည်။

Telegram ၊Website နှင့် Facebookများ တွင် Arakan Bay News သတင်းများကို ဖတ်ရှုနိုင်ပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ