Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် AA သံသယဖြင့် တရားစွဲဆိုခံထားရသူများကို ၃၁ကြိမ်မြောက်ရုံးထုတ်၊ စစ်ကောင်စီဖက်က တရားလိုပျက်ကွက်

ကျောက်ဖြူတွင် AA သံသယဖြင့် တရားစွဲဆိုခံထားရသူများကို ၃၁ကြိမ်မြောက်ရုံးထုတ်၊ စစ်ကောင်စီဖက်က တရားလိုပျက်ကွက်

ABN-ရှိုင်းမိုး

စက်တင်ဘာ ၄ရက်

ကျောက်ဖြူတွင် ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သံသယ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုခံထားရသော ဒေသခံများကို ၃၁ကြိမ်မြောက်ရုံးထုတ်သော်လည်း စစ်ကောင်စီဖက်မှတရားလိုပျက်ကွက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁ရက်နေ့က ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါဝင် ဒေသခံ ၇ဦးကို ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်ဟုသိရသည်။

ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီမှ တရားလိုပျက်ကွက်ခဲ့ပြီး စစ်ဆေးမှု ပြုလုပ်ခြင်းမရှိဘဲ စက်တင်ဘာလ ၇ရက်နေ့သို့ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်သည်။

ရုံးထုတ်အကြိမ် ၃၁ကြိမ်ထဲတွင် စစ်ကောင်စီမှ တရားလို ၁ကြိမ်သာရောက်ရှိပြီး နောက်ထပ်ရောက်ရှိခြင်းမရှိသေးသည့်အတွက် အပြစ်မရှိသည့်သူများကို အာဏာပြဖမ်းဆီးထားပြီး လူမဆန်သည့်လုပ်ရက်မျိုးကိုလုပ်နေခြင်းဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြသည်။

အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်မှာ သွေးတိုး၊ အသက်ရှုကြပ်နှင့် နှလုံးခုန်မြန်ခြင်းရောဂါများ ခံစားနေရသူဖြစ်ကြောင်း သမီးဖြစ်သူက ပြောသည်။

လက်ရှိအချုပ်ထဲတွင် သမားတော်နဲ့ဆေးကုသမှုခံယူရန် ခွင့်တင်သောကြောင့် ​သမားတော်နဲ့ပြခွင့်ရခဲ့သည်ဟု သမီးဖြစ်သူကပြောသည်။

“အဖေက အပြင်မှာလည်းသမားတော်နဲ့ပြရပါတယ်၊ ကျန်းမာရေးက ဆိုးဆိုးဝါးဝါးဖြစ်တယ်၊ နည်းနည်းလောက်သတိမထားမိရင် အသက်အန္တရာယ်စိုးရိမ်းရတယ်လို့လည်း သမားတော်ကပြောထားတယ်၊ ဒါကြောင့် ကျွန်မပိုပြီးစိတ်ပူတယ်” ဟုဆိုသည်။

ကျန်းမာရေးမကောင်းသောကြောင့် အပြစ်မရှိပါက အမြန်ဆုံးလွတ်မြောက်စေချင်ကြောင်း သမီးဖြစ်သူကဆက်ပြောသည်။

“အပြစ်မရှိရင် လွတ်စေချင်ပါတယ်၊ အဖေက ​ကျန်းမာရေးလည်းမကောင်းဘူး၊ အနီးကပ်ပြုစုပေးချင်တယ်၊ အခုက အလုပ်ကလည်းများတယ်၊ အဖေ့ကိုလည်းပုံမှန်သွားမကြည့်ဖြစ်ဘူး၊ အိမ်မှာဆိုရင် ကိုယ်မျက်စီရှေ့မှာမြင်နေရတယ်၊ ဒါကြောင့် အဖေကိုလွတ်မြောက်စေချင်ပါတယ်” ဟုပြောသည်။

ဦးဝင်းမောင်ကို စစ်ကောင်စီမှ AAနှင့်ဆက်စပ်သံသယဖြင့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့က နေအိမ်သို့လာရောက် ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံရခိုင်များကို ရုံးပုံမှန် ထုတ်နေသော်လည်း စစ်ဆေးခြင်း မရှိဘဲ ရုံးချိန်း အကြိမ်ကြိမ် ရွေ့ဆိုင်းပြီး အချုပ်ထောင်များတွင် ဖမ်းဆီးချုပ်နှောင်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။