Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် AAနှင့်ဆက်စပ်ပြီး စွပ်စွဲတရားစွဲဆို ခံထားရသူများထဲက ၇ဦးကို ၃၀ ကြိမ်မြောက်ရုံးထုတ်၊ စစ်ကောင်စီတရားလိုပျက်ကွက်ဆဲ

ကျောက်ဖြူတွင် AAနှင့်ဆက်စပ်ပြီး စွပ်စွဲတရားစွဲဆို ခံထားရသူများထဲက ၇ဦးကို ၃၀ ကြိမ်မြောက်ရုံးထုတ်၊ စစ်ကောင်စီတရားလိုပျက်ကွက်ဆဲ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁ရက်

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်တရားရုံးတွင် စစ်ကောင်စီမှ AAနဲ့ ဆက်စပ်သူများဆိုပြီး စွပ်စွဲကာ တရားစွဲဆိုခံထားရသူများထဲမှ ဒေသခံ ၇ဦးကို ၃၀ ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှတရားလိုထပ်မံ ပျက်ကွက်နေဆဲဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၂၅ရက်နေ့က ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါအဝင် ဒေသခံ ၇ဦးကို ရုံးထုတ်ခဲ့သည်ဟုသိရသည်။

ထို ၇ဦးကို ၃၀ကြိမ်မြောက် ရုံးထုတ်ခဲ့သော်လည်း တရားလိုရောက်မလာ၍ စစ်ဆေးခြင်းတစုံတရာမရှိဘဲ ရုံးချိန်းထပ်ရွှေ့လိုက်သည်ဟုသိရသည်။

စစ်ကောင်စီမှ ပုံမှန်ရုံးထုတ်မှုပြုလုပ်သော်လည်း စစ်ဆေးမှုတစုံတရာမရှိသည့်အတွက်၊ စစ်ကောင်စီသည် ထိုဒေသခံများကို AAနဲ့ဆက်စပ်၍ ဖမ်းဆီးထားခြင်းသည် ပြည်သူများကို နှိပ်စက်နေခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့ပေါ်မှ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ABNသို့ပြောကြားလာခဲ့သည်။

“သူတို့က အမှန်ဘဲ AAနဲ့ဆက်စပ်ခဲ့ရင် သူတို့ကိုစစ်ဆေးပြီးလောက်ပြီ၊ ဒါပေမယ့် အခု အကြိမ်အရေအတွက်လည်းမနည်းဘူး၊ စစ်ဆေးတာလဲမရှိဘူး၊ ဒါဟာ သူတို့အပြစ်မရှိကြောင်းသက်သေဘဲ၊ စစ်ကောင်စီက ပြည်သူကိုနှိပ်စက်တာ” ဟု၎င်းကဆိုသည်။

စေတီတောင်ရပ်ကွက်မှ ဦးဝင်းမောင်သည် သွေးတိုးရောဂါရှိသောကြောင့် အသက်ရှုကြပ်ခြင်း၊ နှလုံးခုန်မြန်ခြင်းဝေဒနာကို ခံစားနေရသည်ဟုသိရသည်။

ဦးဝင်းမောင်သည် ဖမ်းဆီးမခံရသည့်အချိန်အတောအတွင်းက ကျန်းမာရေးမကောင်းသောကြောင့် သမားတော်နဲ့ ၁လ တစ်ကြိမ် ဆေးကုသမှုခံယူနေသူ ဖြစ်ကြောင်း ၎င်း၏သမီးကပြောသည်။

လက်ရှိကျောက်ဖြူအချုပ်တွင်လည်း သွေးတိုးရောဂါ မကြာခဏ ပြန်ဖြစ်လာသောကြောင့် သမီးဖြစ်သူမှာ သူ့အဖေဦးဝင်းမောင်ကို သမားတော်နဲ့ ​ပြချင်ကြောင်း ခွင့်တောင်းထားသည်ဟု ဆိုသည်။

“အဖေက အပြင်မာဆိုရင်လည်း ဆေးတွေအဆက်မပြတ်သောက်ရတယ်၊ ကျန်းမာရေးက တအားညံ့တယ်၊ ၁ လတစ်ကြိမ် သမားတော်နဲ့ပြရတယ်၊ အခုအချုပ်မှာမကြာခဏ သွေးတိုးထပ်ပေါ်တယ်လို့ကြားတယ်၊ ဒါကြောင့်အဖေကို သမားတော်နဲ့ပြချင်တယ်လို့ခွင့်တောင်းထားတယ်၊ ရ မရကိုတော့ မသိသေးပါဘူး” ဟုဆိုသည်။

ဦးဝင်းမောင်သမီးမှာ စီးပွား​ရေး အဆင်မပြေမှုကြောင့် အချုပ်ထဲတွင်ရှိသော အဖေဖြစ်သူကို ဆေးပုံမှန် မပေးခဲ့ရသောကြောင့် စိတ်မကောင်းဟု ပြောသည်။

စေတီတောင်ရပ်ကွက်မှ ဦးဝင်းမောင်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့က အိမ်ထဲကို စစ်သားများ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။