Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် AAနှင့်ဆက်စပ်သည်ဟု စွပ်စွဲ၍ တရားစွဲဆိုခံထားရသည့် ဒေသခံများကို ၂၉ကြိမ်မြောက်ရုံးထုတ်၊ တရားလိုရောက်ရှိခြင်းမရှိ

ကျောက်ဖြူတွင် AAနှင့်ဆက်စပ်သည်ဟု စွပ်စွဲ၍ တရားစွဲဆိုခံထားရသည့် ဒေသခံများကို ၂၉ကြိမ်မြောက်ရုံးထုတ်၊ တရားလိုရောက်ရှိခြင်းမရှိ

ABN-ရှိုင်းမိုး

သြဂုတ် ၁၄ရက်

​ကျောက်ဖြူတွင် စစ်ကောင်စီမှ AAနဲ့ဆက်စပ်သည်ဟုစွပ်စွဲပြီးဖမ်းဆီးထားသူများကို ၂၉ကြိမ်မြောက်ရုံးထုတ်သော်လည်း တရားလိုရောက်ရှိခြင်းမရှိဟုသိရသည်။

သြဂုတ်လ ၁၁ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်တွင် ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါဝင် ဒေသခံ ၆ဦးကို ရုံးထုတ်ခဲ့သည်ဟုသိရသည်။

ရုံးထုတ်ခဲ့သော်လည်း စစ်ကောင်စီဖက်မှ တရားလိုရောက်မလာသည့်အတွက် စစ်ဆေးမေးမြန်းမှုတစုံတရာပြုလုပ်ခြင်းမရှိဘဲ ဆက်လက်ချုပ်ထားသည်ဟုသိရသည်။

၂၉ကြိမ်မြောက်ရုံးထုတ်ရာတွင် စစ်ကောင်စီဖက်မှ တရားလို ၁ကြိမ်တည်းသာရောက်ရှိခဲ့ပြီး၊ တရားလိုရောက်သည့်ရုံးထုတ်တွင်လည်း မေးမြန်းမှု ပြုလုပ်ခဲ့ခြင်းမရှိကြောင်းသိရသည်။

တရားစွဲဆိုခံထားရသည့် စေတီတောင်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်သည် ကျန်းမာရေးမကောင်းသည့်အတွက် သမီးဖြစ်သူမှာ စိုးရိမ်ကြောင်း ပြောကြားလာခဲ့သည်။

“ကျွန်မအဖေက ကျန်းမာရေးကောင်းတဲ့သူမဟုတ်ဘူး၊ အိမ်မှာဆိုရင်လည်း အရိပ်တကြည့်ကြည့်နေရတယ်၊ ဒါကြောင့် ကျွန်မအဖေ အပြစ်မရှိရင်ပြန်လွှတ်ပေးစေလိုပါတယ်၊ အိမ်မှာက အဖေဘာမှလုပ်လို့မရပေမယ့်၊ အဖေရှိတာနဲ့မရှိတာမတူဘူး၊ အခုဆိုရင်အမေလည်းအဖေစိတ်နဲ့ ကျန်းမာရေးသိပ်မကောင်းဘူး” ဟုသူမကပြောသည်။

ဦးဝင်းမောင်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့ ည ၈နာရီအချိန်က ၎င်း၏နေအိမ်ထဲတွင် အရပ်ဝတ်ဖြင့်လက်နက်ကိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက် ဖမ်းဆီးခဲ့သည်ဟုသိရသည်။

ကျောက်ဖြူအချုပ်မှ သြဂုတ်လ ၂ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဥ်သား ၁၀ ထက်မနည်းလွတ်မြောက်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။