Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် AAနှင့်ဆက်စပ်၍ ၁၇ (၁) ဖြင့် တရားစွဲခံထားရသူများအား ၂၂ ကြိမ်မြောက်ရုံးထုတ်၊ စစ်ကောင်စီတရားလိုပျက်ကွက်

ကျောက်ဖြူတွင် AAနှင့်ဆက်စပ်၍ ၁၇ (၁) ဖြင့် တရားစွဲခံထားရသူများအား ၂၂ ကြိမ်မြောက်ရုံးထုတ်၊ စစ်ကောင်စီတရားလိုပျက်ကွက်

ABN – ရှိုင်းမိုး

ဇွန် ၆ ရက်

ကျောက်ဖြူမြို့တွင် AA နှင့်ဆက်စပ်၍ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ ( ၁ ) ဖြင့်တရားစွဲဆိုခံထားရသူများကို ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ၂၂ ကြိမ်မြောက်ရုံးထုတ်ရာတွင် စစ်ကောင်စီဖက်မှ တရားလိုရောက် မလာကြောင်း သိရသည်။

စစ်ကောင်စီဖက်မှ တရားလိုလုပ်ပြီးတရားစွဲဆိုထားသည့် တရားလို ၂ဦးမှာ ဗိုလ်ကြီး ရှိုင်းထက်အောင်နှင့် ဗိုလ်အဆင့်ရှိသူ တစ်ဦးတို့ဖြစ်ကြသည်။

“တရားလိုမရောက်ပါဘူး၊ ၂၀ကြိမ်မြောက်တုန်းက ၁ ယောက်ရောက်ပါတယ်၊ ဒါပေမယ့် ဒီအကြိမ် တစ်ယောက်မှ မရောက်ပါဘူ၊ ” ဟုအမှုနှင့် ဆက်စပ်သည့်မိသားစုဝင်တစ်ဦးကပြောသည်။

မေလ ၂၃ရက်နေ့က ၂၁ကြိမ်မြောက်ရုံးထုတ်ခဲ့သော်လည်း တရားလိုမရောက်ဟုသိရသည်။

ပုဒ်မ ၁၇/၁ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါအဝင် ၄ ဦးကို ရုံးထုတ်စစ်ဆေးခဲ့သည်ဟုသိရသည်။

အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကို ၂၀၂၂ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈နာရီအချိန်တွင် အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်သား ၆ဦးက ၎င်း၏နေအိမ်ကို ဝင်ရောက်ကာ မျက်နှာကိုအဝတ်ဖြင့်စည်း၍ ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူတွင် AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၆၀ ခန့်ထိ ရှိနေပြီး၊ အချို့ကို ရုံးထုတ်စစ်ဆေးသော်လည်း တရားလိုမ‌ရောက်၍ အမှုကြန့်ကြာနေကြရသည်။

တောင်ကုတ်မြို့နယ်မှ ဖမ်းဆီးထားသော ဒေသခံ ၁၀ ကျော်ကိုလည်း သံတွဲ မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။