Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် AAနဲ့ဆက်စပ်ဖမ်းဆီးခံထားရသူများကို ၁၀လကြာ ရုံးထုတ်စစ်ဆေးခဲ့သော်လည်း ထူးခြားမှုတစုံတရာ ရှိမလာသေး

ကျောက်ဖြူတွင် AAနဲ့ဆက်စပ်ဖမ်းဆီးခံထားရသူများကို ၁၀လကြာ ရုံးထုတ်စစ်ဆေးခဲ့သော်လည်း ထူးခြားမှုတစုံတရာ ရှိမလာသေး

ABN-ရှိုင်းမိုး

စက်တင်ဘာ ၂၈ရက်

ကျောက်ဖြူမြို့တွင် AAနဲ့ဆက်စပ်ဖမ်းဆီးခံထားရသူများကို ၁၀လကြာရုံးတင် စစ်ဆေးသော်လည်း တရားလိုမရောက်သည့်အပြင် ထူးခြားမှုတစုံတရာမရှိဘဲ ဖြစ်နေသည်ဟုသိရသည်။

ကျောက်ဖြူမှ ရုံးထုတ်စစ်ဆေးသူများမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါဝင် ဒေသခံ ၄ဦးဟုသိရသည်။

ထိုကျောက်ဖြူ ဒေသခံ ၄ဦးကို ၁လ ၄ကြိမ်ရုံးထုတ်သော်လည်း စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ရုံးတင်၊ ရုံးထုတ်ခြင်းအပြင် တခြားထူးခြားမှုမရှိဟု မိသားစုဝင်တစ်ဦးကပြောသည်။

“ထူးခြားမှုတော့ ဘာမှမရှိပါဘူး၊ ၁၀လ နီးပါးရှိပါပြီး၊ ဒီ ၁၀လအတော်အတွင်းအတွင်းမှာ တရားလိုက ၁ကြိမ်ရောက်လိုက်ပါတယ်၊ ဘာမှတော့ မမေးမြန်းခဲ့ပါဘူး” ဟုဆိုသည်။

စေတီတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါဝင် ဒေသခံ ၄ဦးကို စစ်ကောင်စီမှ ဗိုလ်ကြီးရှိုင်းထက်အောင်က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့သည်ဟုသိရသည်။

ဦးဝင်းမောင်သည်ကျန်းမာရေးမကောင်းသည့် အတွက် ရုံးထုတ်ရာတွင် နေမကောင်းဖြစ်သော်လည်း တစုံတရာလုပ်ပေးနိုင်ခြင်းမရှိသည့်အတွက် ဝမ်းနည်းရုံမှ မတတ်နိုင်ဟု သမီးဖြစ်သူကပြောသည်။

” အဖေက ကျန်းမာရေးကောင်းတာမဟုတ်ဘူး၊ ရုံးထုတ်ချိန်ဆိုလည်း နေမကောင်းတာမြင်ရတယ်၊ အန်နေတာမျိုးတွေမြင်ရတယ်၊ ဒါပေမယ့် ဘာမှမလုပ်ပေးနိုင်ဘူး၊ အဖေ့ကို အမြန်ဆုံးလွတ်မြောက်စေချင်နေပါပြီ” ဟုဆိုသည်။

ကျောက်ဖြူမှ ဦးဝင်းမောင်ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က စစ်ကောင်စီတပ်သားများသည် နေအိမ်သို့ လာရောက်ဖမ်းခဲ့ခြင်းဖြစ်သည်။

ရခိုင်တွင် AAနှင့် စစ်ကောင်စီတို့အကြား အပစ်ခတ်ရပ်စဲရေးတွင် စစ်ကောင်စီဖက်က ဖမ်းဆီးထားသည့် အရပ်သားများကို ပြန်လွှတ်ရမည်ဟု ကတိကဝတ်ရှိခဲ့သော်လည်း ဖမ်းဆီး တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်သူများမှ တရားစွဲ ထောင်ချခံရမှုများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

ရခိုင်ပြည်၏ လက်ရှိအခြေအနေမှာ စစ်ကောင်စီက ကြည်း ရေ လေ များဖြင့် စစ်ရေး အင်အား ဖြည့်တင်းမှုများ နေ့ရော ညည့်ပါ နေ့စဥ် ပြုလုပ်လာသည်ကို တွေ့ရပြီး စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးရေး တင်ကြပ်မှုများ ရှိလာနေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။