Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ၁၇/၁ ဖြင့်တရားစွဲဆိုခံထားရသည့် ဒေသခံများကို ၂၈ ကြိမ်မြောက်ရုံးထုတ်သော်လည်း စစ်ဆေးခြင်းတစုံတရာမရှိ

ကျောက်ဖြူတွင် ၁၇/၁ ဖြင့်တရားစွဲဆိုခံထားရသည့် ဒေသခံများကို ၂၈ ကြိမ်မြောက်ရုံးထုတ်သော်လည်း စစ်ဆေးခြင်းတစုံတရာမရှိ

ABN-ရှိုင်းမိုး

သြဂုတ် ၄ ရက်

ကျောက်ဖြူမြို့နယ် တရားရုံတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့်တရားစွဲဆိုခံထားရသည့် ဒေသခံများကို ၂၈ ကြိမ်မြောက်ရုံးထုတ်သော်လည်း စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ဆက်လက်ထိန်းသိမ်းထားသည်ဟုသိရသည်။

သြဂုတ်လ ၂ရက်နေ့က ကျောက်ဖြူမြို့ စေတီတောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်အပါဝင် ဒေသခံ ၄ဦးကို ရုံးထုတ်ခဲ့ပြီး၊ စစ်ဆေးခြင်းမရှိဘဲ သြဂုတ်လ ၁၁ရက်နေ့သို့ ရုံးချိန်ထပ်ရွှေ့လိုက်သည်ဟု ဦးဝင်းမောင်သမီးက ပြောသည်။

“ရုံးထုတ်တာ ၂၈ကြိမ်မြောက်ရှိပါပြီ၊ ခုထိတော့ ဘာမှ မထူးသေးပါဘူး၊ ရုံးချိန်းထပ်ရွှေ့လိုက်ပါတယ်” ဟု၎င်းကပြောသည်။

သြဂုတ်လ ၁ရက်နေ့နှင့် ၂ ရက်နေ့က စစ်ကောင်စီမှ အကျဥ်သားအချို့ကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာတွင် ကျောက်ဖြူထောင်မှ နိုင်ငံရေးအကျဥ်သားအဖြစ်သတ်မှတ်ခံထားရသူများထဲမှ ၁၀ ဦးလွတ်မြောက်ခဲ့သည်ဟုသိရသည်။

ထိုလွတ်မြောက်လာသူများထဲတွင် ဦးဝင်းမောင် မပါရှိကြောင်းသမီးဖြစ်သူကပြောသည်။

“သြဂုတ်လ ၁ရက်နေ့ကလွှတ်မယ်လို့ကြားလို့ ထောင်ရှေ့မှာစောင့်နေခဲ့ပါတယ်၊ မနက်စောစောကတည်းက စောင့်နေတာ ည၈နာရီကျော်သွားတယ်၊ မိုးကလည်းတအားရွာတယ်၊ ဒါပေမယ့် အဖေလွတ်လာမယ်ဆိုတဲ့စိတ်နဲ့ စောင့်နေခဲ့တာ၊ ဒါပေမယ့် မလွတ်မြောက်ခဲ့ဘူး၊ နောက်တနေ့ထပ်သွားစောင့်တယ် နောက်တနေ့လည်းမပါဘူး၊ ကျွန်မ ထိုင်ပြီးငိုမိတယ်၊ အဖေလွတ်မယ်ဆိုပြီး စိတ်ထဲမာကြိတ်ပျော်နေခဲ့တာ၊ ဒါပေမယ့် ပါမလာဘူး” ဟုသူမကပြောသည်။

ဦးဝင်းမောင်မှာ အသက် ၅၈နှစ်အရွယ်ရှိနေပြီဖြစ်၍ ကျန်းမာရေးလည်း စိုးရိမ်ရသည့်အခြေနေမှာရှိခဲ့သည်ဟုသိရသည်။

ဦးဝင်းမောင်သည် ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလ ၂၂ ရက်နေ့ ည၈နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အရပ်ဝတ်ဝတ်ဆင်ပြီး လက်နက်များဖြင့် ၎င်း၏နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ဓာတ်ပုံ-ABN/ထွန်းသာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။