Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ၁၇ (၁)ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ၇၃ ဦးထဲမှ ၃၆ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထား

ABN-သူရမောင်

ကျောက်ဖြူတွင် မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူ ၇၃ ဦးထဲမှ ၃၆ ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးထားပြီးဖြစ်ကြောင်း ABN မှ စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့ကစပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ကျောက်ဖြူ အခြေစိုက် ခမရ (၃၄)မှ ဗိုလ် ရဲသက်ဇော်နှင့် ဒုဗိုလ် ရှိုင်းထက်အောင်တို့က တရားလို လုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဝရမ်းထုတ်ခံထားရသူများမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး မိသားစုဝင်များမှာ စားဝတ်နေရေး ပြဿနာများဖြင့်ပါ ရင်ဆိုင်နေရကြောင်း မိသားစုဝင်များက ပြောသည်။

“ကျမယောကျ်ားက ဖမ်းဝရမ်းထုတ်ထားတဲ့ စာရင်းမှာ ပါတယ်လို့ ပြောကြလို့ ထွက်ပြေးနေရပါတယ်။ ကျမယောကျ်ား အလုပ်မလုပ်နိုင်တော့ ကျမတို့ မိသားစုမှာ စားဝတ်နေရေးပါ အခက်အခဲဖြစ်နေရပါတယ်။ ပြီးတော့ ကျမယောကျ်ားက ဘယ်အဖွဲ့အစည်းနဲ့မှလည်း ဆက်သွယ်တာ မတွေ့ဖူးပါဘူး” ဟု နာမည်မဖော်လိုသည့် အမျိုးသမီး တစ်ဦးကပြောသည်။

ABN က စုံစမ်း စုစည်းထားသောစာရင်းအရ စစ်ကောင်စီက ဖမ်းဆီးထားသူ ၃၆ ဦးအထိ ရှိသော်လည်း နာမည်နဲ့တကွ သတင်းအပြည့်အစုံရရှိသူ ၂၈ ဦးသာ ရှိသေးသည်။ သူတို့၏ နာမည်စာရင်းကို ဖော်ပြပေးလိုက်ရပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။