Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် အံစာလောင်းကစားဝိုင်းများ တိုးများလာမှုကြောင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ အနှောင့်အယှက်ဖြစ်နေရ

ABN – သူရမောင်

ရခိုင်ပြည် ကျောက်ဖြူမြို့ရှိ ရခိုင်ပိုက်ဆိပ်၊ ဘုန်းကြီးကျောင်းလမ်းတွင် အံစာလောင်းကစားဝိုင်းများ တိုးများလာမှုကြောင့် ရပ်ကွက်အတွင်းရှိ ပြည်သူများများမှာ အနှောင့်အယှက်ဖြစ်နေရကြောင်း သိရသည်။

ထိုဖွင့်ထားသည့် အံစာလောင်းကစားဝိုင်းများမှာ တရားဝင်မှုမရှိကြောင်း၊ တာဝန်ရှိသူများကလည်း လာရောက်တားမြစ်ခြင်း မရှိကြောင်း၊ ထိုကြောင့် အံစာဝိုင်းများမှာ ပို၍ များပြားလာနေကြောင်း ပြောသည်။

“အရင်ကဆိုရင် အံစာဝိုင်းတွေကို ဇာတ်ပွဲတွေမှာပဲ တွေ့ရလေ့ရှိခဲ့တာပါ၊ အခုက ပွဲမရှိပဲနဲ့လည်း အံစာဝိုင်းတွေကို လုပ်နေကြတယ်၊ ပြီးတော့ ဒါတွေက တရားလည်း မဝင်ဘူး၊ သက်ဆိုင်ရာကလည်း လာပြီးတားမြစ်တာတွေမရှိဘူး” ဟုပြောသည်။

ထို့အပြင် ရပ်ကွက်အတွင်းအံစာဝိုင်းများ လုပ်နေသူများမှာလည်း စစ်ကောင်စီကို နေ့စဉ် တစ်ရက်ကို ၂၀၀၀၀ ကျပ်စီပေးထားကြောင်း ထိုသူမှ ဆက်ပြောသည်။

“ကျွန်တော်သိရသလောက်တော့ စစ်ကောင်စီကို ပိုက်ဆံပေးထားရတယ်၊ တစ်ရက်ကို ငွေ ၂၀၀၀၀ စီပေးရတယ်လို့ကြားတယ်၊ပြီးတော့ အဲဒီဝိုင်းတွေက လမ်းမပေါ်မှာ လုပ်နေကြတာ။ လမ်းသွားလမ်းလာအတွက်ပါအနှောက်အယှက်ဖြစ်ပြီး ရပ်ကွက်လည်း ကျက်သရေတုံးပါတယ်။ ပြီးရင် ရှုံးတဲ့သူတွေကလည်း မရှိရင် ခိုးဆိုးလုယက်တွေဖြစ်လာကြမယ်၊ ကျွန်တော်က အဲတာတွေကို အရမ်းကို စိုးရိမ်တာပါ” ဟု ဆက်ပြောသည်။

ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိပ်ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် အံစာဝိုင်းစုစုပေါင်း ၂၀ နီးပါးခန့်ရှိပြီး ဖွင့်လှစ်သည့်ကာလမှာလည်း ၃ လနီးပါး ရှိနေပြီဖြစ်ကြောင်း၊ အံစာဝိုင်းများကို နံနက် ၈ နာရီကျော်အချိန်မှ ညည့် ၁၀ နာရီထိဖွင့်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။