Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် အရပ်သားတစ်ဦးကို စရဖမှ ဖမ်းဆီ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ယမန်နေ့ည ၇ နာရီခန့်က အရပ်သားတစ်ဦးအား စစ်ကောင်စီ စရဖမှ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ထိုသူမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်နေ ဦးဖိုးချေဦး၏သား ဦးကျော်လှအောင် ၄၂ နှစ်ဖြစ်ပြီး ကျောက်ဖြူမြို့ အရှေ့ပိုင်းရပ်ကွက် ဆန်းနဒီစားသောက်ဆိုင်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရချိန်တွင် ဦးကျော်လှအောင်မှာ ရဲများအားပြန်လည်ခုခံသည့်အတွက် ရိုက်နှက်ကာဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။

” သူအရက်သောက်နေတုန်းမှာ စရဖက လာဖမ်းတာ၊ သူကပြန်ပြီးတော့ ခုခံသေးတယ်၊ ဟိုကလည်း သူတို့ကို ပြန်ခုခံရမလားဆိုပြီး ရိုက်နှက်ပြီးတော့ ခေါ်သွားတာ” ဟု မျက်မြင်တစ်ဦးက ABN သို့ပြောသည်။

စစ်ကောင်စီအဖွဲ့မှ ယခု နိုဝင်ဘာလအတွင်း ကျောက်ဖြူမြို့နယ်မှ အရပ်သား ၁၃ ဦးအား ဖမ်းဆီးထားသည်။

ယမန်နေ့ညကလည်း မင်းပြားမြို့တွင် သံဃာတော်တစ်ပါးနှင့် အရပ်သားနှစ်ဦးအား စစ်ကောင်စီတပ် ခမရ ၃၇၉ တပ်ရင်းမှ ဖမ်းဆီးသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။