Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် လွတ်လပ်ရေးနေ့၌ လက်နက်ကိုင်အဖွဲ့များ အစစ်အဆေးမရှိ သွားလာနိုင်ကြောင်း ထွေအုပ်ပြော

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် လာမည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရခိုင်ရှိလက်နက်ကိုင်အဖွဲအစည်းများအနေဖြင့် စစ်ဆေးမှုတစုံတရာ ခံယူစရာမလိုဘဲ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ကြောင်း ကျောက်ဖြူထွေအုပ်က ပြောဆိုလိုက်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းတည့် ၁၀ နာရီ ၃၀ ခန့်တွင် ကျောက်ဖြူ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ကျောက်ဖြူအထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွဋ် က ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လာမည့် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် မြန်မာ့လွတ်လပ်ရေးနေ့အတွက် ကျောက်ဖြူမြို့တွင် ရှိုးပွဲများဖြင့် ဖျော်ဖြေပွဲများဖြင့် ကျင်းပရန် စီစဥ်နေကြောင်း သိရသည်။

ထို့အပြင် ကျောက်ဖြူမြို့မှ ကျောက်တစ်လုံးဘုရား စစ်ဆေးရေးဂိတ်မှ စစ်ဆေးမှုများကို ဇန်နဝါရီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့တွင် ရပ်တန့်ထားမည်ဖြစ်ပြီး ထိုနေ့တွင် အရပ်သားပြည်သူများအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် မြို့အတွင်းသို့ ဝင်ထွက်သွားလာနိုင်ကြကြောင်း ထိုအစည်းအဝေးတွင် ထွေအုပ် ဦးမျိုးမင်းထွဋ် က ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အဖြစ် ရှိုးပွဲများကို ဇန်နဝါရီလ ၃၊ ၄ ရက်နေ့တို့တွင် နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့ ဘောလုံးကွင်းတွင် ရပ်ကွက်ပေါင်းစုံ ဘောလုံးပွဲကို စစ်ကောင်စီတပ်မှ ဦးစီးကျင်းပလျက်ရှိနေပြီး ဘောလုံးကွင်းပတ်လည်တွင်လည်း စစ်ကောင်စီတပ်သားများက လုံခြုံရေးယူထားကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် မြန်မာ့လွတ်လပ်ရေးနေ့အတွက် စစ်တွေ၊ တောင်ကုတ်၊ သံတွဲ၊ ဂွနှင့် ရခိုင်ပြည်ရှိ မြိုနယ်အချို့တွင်လည်း မြန်မာ့လွတ်လပ်ရေးနေ့ကို စစ်ကောင်စီတပ်မှ ဦးစီးကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျောက်ဖြူတွင် လွတ်လပ်ရေးနေ့၌ လက်နက်ကိုင်အဖွဲ့များ အစစ်အဆေးမရှိ သွားလာနိုင်ကြောင်း ထွေအုပ်ပြော

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။