Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးအပါအဝင် ၄ ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွား

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးအပါအဝင် ၄ ဦးကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂ ရက်နေ့ ည ၇ နာရီကျော် ဝန်းကျင်က ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို ပြင်ဖြူမော်ရပ်ကွက်နေ ဦးထွန်းရွှေ၏ သား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး ခင်မောင်ထွန်း ၅၆ နှစ်၊ အရှေ့ပိုင်းရပ်ကွက်နေ အဖ ဦးဖြူသာအေး၏သား ဦးမောင်မောင်ထွန်း ၃၇ နှစ်၊ စေတီတောင်ရပ်ကွက်နေ ဦးမောင်ကျားဦး၏သား ဦးဝင်းမောင် ၅၆ နှစ်၊ စေတီယျရပ်ကွက်နေ ဦးထွန်းနေဝင်း ၃၈ နှစ်တို့ကို နိုဝင်ဘာလ ၂ ရက်နေ့ ည ၇ နာရီနှင့် ၁၀ နာရီကြားတွင် ၎င်းတို့ နေအိမ်များတွင် ရှိနေစဥ် စစ်ကောင်စီတပ်မှ လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းအပါအဝင် ၎င်းတို့ ၄ ဦးကို ULA/AA နှင့် ဆက်စပ်သည်ဟုဆိုကာ ကျောက်ဖြူမြို့မ ရဲစခန်းတွင် ဖမ်းဆီးထိမ်းသိမ်းထားကြောင်း စုံစမ်းသိရှိရသည်။

ကျောက်ဖြူတွင် ပြီးခဲ့သည့် အောက်တိုဘာလနှင့် ယခုနိုဝင်ဘာလအတွင်း ဖမ်းဆီးခံရသူ အရပ်သားနှင့်ဝန်ထမ်းစုစုပေါင်း ၂၅ ယောက်ထိရှိနေပြီး ၈ ဦးသာ ပြန်လည်လွတ်မြောက်လာသေးကြောင်း သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။

ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးအပါအဝင် ၄ ဦးကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။