Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးဝန်ထမ်း ၃ ဦးအား စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွား

ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးဝန်ထမ်း ၃ ဦးအား စစ်ကောင်စီမှ ထပ်မံ ဖမ်းဆီးသွား ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့၊ စေတီယျရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အတွင်းရေးမှူး နှင့် ဝန်ထမ်း ၂ ဦးဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီကျော်တွင် ခမရ ၃၄ တပ်ရင်းမှ အရပ်ဝတ်ဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

အောက်တိုဘာလ ၃၁ ရက်နေ့က ဖမ်းဆီးသွားခံခဲ့ရသော စေတီယျ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောလှထွန်း ဖမ်းဆီးခံရပြီး ထိုဖမ်းဆီးခံရမှုနှင့် ပတ်သတ်ကာ ထပ်မံဖမ်းဆီးသွားကြောင်းသိရသည်။

ဖမ်းဆီးခံခဲ့ရသူများ၏ အမည်နှင့် ကိုယ်ရေးအချက်အလက်များကိုမူ မသိရှိရသေးပေ။

ယင်းနေ့တွင်ပင် စေတီယျ ရပ်ကွက်အတွင်း စစ်ကောင်စီတပ် ခမရ ၃၄ တပ်ရင်းမှ ရပ်ကွက်အတွင်း လမ်းသွားလမ်းလာများကို လိုက်လံဖမ်းဆီးရိုက်နှက်မှုများ ပြုလုပ်ခဲ့သည် ဟု သတင်းရင်းမြစ် တစ်ဦးမှ ABN သို့ ပြောသည်။

အောက်တိုဘာ ၃၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် အုပ်ချုပ်ရေးမှူး ဦးစောလှထွန်းမှာ မိသားစုနှင့် ယနေ့ထိတိုင် အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

ယခုဖမ်းဆီးခံထားရသည့် ၃ ဦးအပါအဝင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ကျောက်ဖြူမြို့နယ်မှ ၂၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်။

ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးဝန်ထမ်း ၃ ဦးအား စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။