Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် မိုင်းနင်းမိ၍ ဒဏ်ရာရသူအား သွားကယ်သူ မိုင်းနင်းမိ၍ သေဆုံး

AB News – မတ်လ ၂၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ဂုံးချွိန်တိုက်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ထောင်ထားသည့်မိုင်းကိုနင်းမိပြီး သွားရောက်ကယ်တင်သည့် ဒေသခံရွာသား အမျိုးသား ၁ ဦး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ အုန်းတပင်ရွာ ဝတ်ဆံထောင့်မှ အသက် ၄၅ နှစ်အရွယ် ဦးဇော်ဇော် ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အသက် ၃၅ နှစ်အရွယ် ဦးဝင်းနိုင်စိုး ဖြစ်သည်။

ဒဏ်ရာရရှိသွားသည့် ဦးဝင်းစိုးနိုင်မှာ ညာဖက်ခြေထောက် တစ်ဖက်လုံးဝ ပြတ်ထွက်သွားသည်ကို တွေ့ရသည်။

ယမန်နေ့ မတ်လ ၂၂ နေ့ နေ့လည် ၁၂ နာရီကျော်တွင် ဦးဝင်းနိုင်စိုးသည် အုန်းတော နှင့် ပြိုင်းစေ့ရွာကြားရှိ ဂြင်းတက်တောင်သို့ ဟင်းရှာသွားစဥ် မိုင်းပေါက်ကွဲဲ ပြီး ဒဏ်ရာရရှိခဲ့သည်။  ၎င်းကိုသွားကယ်ရာတွင် ဦးဇော်ဇော်မှာ ကျန်မိုင်းတလုံးပေါက်ကွဲ ပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“သူက အဲ့ဒီ ရွာ ၂ ရွာကြားမှာရှိတဲ့ တောင်ကို ဟင်းရှာဖို့သွားပါတယ်။ ဟင်းခူးရင်းနဲ့ စစ်ကောင်စီထောင်ထားတဲ့မိုင်းကိုတက်နင်းပြီးဒဏ်ရာရသွားပါတယ်။ ဦးဇော်ဇော်က သွားကယ်တဲ့အခါ မိုင်း ၁ လုံးထပ်ပေါက်ကွဲတယ်။ သေသွားပါတယ်” ဟု ဆိုသည်။

မိုင်းပေါက်ကွဲသံကိုကြားသည်နှင့်တစ်ပြိုင်နက် ဦးဇော်ဇော်က သွားကယ်ရာ တစ်ခြားမိုင်း ၁ လုံးကိုတက်နင်းပြီး သေဆုံးသွားခဲ့သည်။

ညာဖက်ခြေထောက်ပြတ်သွားသည့် ဦးဝင်းနိုင်စိုးအား ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူထားရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း ၊ နေ့လည် ၂နာရီခွဲအချိန်တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိသောကြောင့် ပြိုင်းစေ့ကေရွာမှာ ဦးမောင်ရီတွင် ခြေ ၁ဖက် လုံးဝပြတ်ထွက်သွားခဲ့သည်။

ဂြင်းတပ်တောင်သည် ပြိုင်းစေ့ကေရွာနှင့် အုန်းတောဝက်ဆံရွာကြားတွင်ရှိပြီး ၎င်းတောင်တွင်  စစ်ကောင်စီတပ်က တပ်စွဲကာ အခြေချခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ