Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ဓညဝတီရေတပ်စခန်းအား AA ဝင်တိုက်ပြီးနောက် စစ်ကောင်စီ ရေတပ်စခန်းများရှိ ၎င်းတို မိသားစုဝင်များကို နေရာရွှေ့ပြောင်းနေကြောင်းသိရ

ကျောက်ဖြူတွင် ဓညဝတီရေတပ်စခန်းအား AA ဝင်တိုက်ပြီးနောက် စစ်ကောင်စီ ရေတပ်စခန်းများရှိ ၎င်းတို မိသားစုဝင်များကို နေရာရွှေ့ပြောင်းနေကြောင်းသိရ

AB News- ဇန်နဝါရီ ၉၊၂၀၂၄

ရက္ခိုင်ပြည်တောင်ပိုင်းမြိုဖြစ်သည့် ကျောက်ဖြူမြိုနယ်တွင် စစ်ကောင်စီ ရေတပ်စခန်းများမှ ၎င်းတို၏မိသားစုဝင်များအား နေရာရွေ့ပြောင်းမှုများလုပ်ဆောင်လျှက်ရှိကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၈ရက် မနက် ၆နာရီအချိန်ခန့်က ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ ဓညဝတီ ရေတပ်စခန်းအား ပထမဆုံးအကြိမ် စတင်တိုက်ခိုက်အပြီးတွင် စစ်ကောင်စီအဖွဲနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ညီနောင်မဟာမိတ်အဖွဲ ထုတ်ပြန်ချက်အရ သိရသည်။

ဓညဝတီရေတပ်စခန်းသည် စစ် ကောင်စီအဖွဲ၏ ရက္ခိုင်ပြည်အတွင်း လက်နက်အင်အားအကောင်းဆုံး ရေတပ်စခန်း ၁ခုဖြစ်ပြီး ခရီးသွားလာ ဒေသခံ ပြည်သူများအား ဒုက္ခအပေးဆုံး ရေတပ်စခန်း ၁ခုလည်းဖြစ်သည်။

ယမန်နေ့ စစ်ကောင်စီအဖွဲနှင့် ရက္ခိုင့်တပ်တော်တို အပြန်အလှန် ပစ်ခတ်အပြီးတွင် စစ်ကောင်စီ ဓညဝတီရေတပ်စခန်းရှိ တပ်ရင်း ၁၆မှ စစ်ကောင်စီမိသားစုဝင်များအား တပ်ရင်း ၁၇ သိုရွှေ့ပြောင်းခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ယင်းအပြင် သစ်ပုတ်တောင်ရေတပ်စခန်းရှိ အရာရှိ မိသားစုဝင် ၂၀ခန်အား တိုက်ခိုက်ရေး ရေယာဥ်အငယ်မျိုးဖြင့်တင်ဆောင်ကာ ကျောက်ဖြူမြိုမတိုက်နယ် အမှတ် ၃ဖောင်တော်မှ တဆင့် ၃၄တပ်ရင်းသို ပိုဆောင်ရွေ့ပြောင်းခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲများ၏ ၎င်းကဲ့သိုလုပ်ဆောင်ချက်များမှာ ကျောက်ဖြူမြိုအနီးပတ်ဝန်းကျင်မှ ရပ်ရွာများအား ၎င်းအကြမ်းဖက်စစ်ကောင်စီတို ထင်တိုင်းကြဲ တိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက မှတ်ချက်ပေးပြောသည်။

“သူတိုတွေ (စစ်ကောင်စီ) က သူတိုမိသားစုတွေကို လုံခြုံတဲ့နေရာကို ပိုနေတာ တွေ့ရပါတယ်။ ဒါဟာ သူတို လက်နက်ကြီးတွေနဲ့ အရပ်သားရွာတွေကို ထင်တိုင်းကြဲတော့မယ်ဆိုတဲ့ သဘောလို မြင်ပါိတယ်။ မြောက်ဦးမှာလည်း ဒီလိုဘဲ သူတိုလုပ်ခဲ့တာပဲလေ” ဟုဆိုသည်။

ဒီဇင်ဘာလ ၂၂ရက်၊ နံနက် ၈နာရီ ၄၀မိနစ်ကျော်အချိန်တွင် စစ်ကောင်စီအဖွဲ  သစ်ပုတ်တောင်ရေတပ်စခန်းမှ စစ်ကား ၁စီးအား ရက္ခိုင့်တပ်တော်မှ ရှောက်ချောင်းကျေးရွာအလွန် တံတားအနီးတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ရမ်းဗြဲမြိုတွင်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တိုကြား နှစ်ဖက်တိုက်ပွဲ ဆက်လက်ရှိနေဆဲ ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ