Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ဒေသန္တရ ကန့်သတ်မိန့် ၂လ ထပ်တိုးထုတ်ပြန်ထား

ကျောက်ဖြူတွင် ဒေသန္တရ ကန့်သတ်မိန့် ၂လ ထပ်တိုးထုတ်ပြန်ထား

(စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ထားမှုကြောင့် ပြည်သူများ အတိဒုက္ခရောက်နေ)

AB News – ‌ဖေဖော်ဝါရီ ၂၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ယခင်ထုတ်ပြန်ထားသည့် စစ်ကောင်စီ၏ ဒေသန္တရအမိန့်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ရက်နေ့မှ လာမည့် ဧပြီလ ၁၉ရက်နေ့ အထိ ၂ လသက်တမ်းထပ်တိုးကြောင်း ထုတ်ပြန်လိုက်သည်။

ကျောက်ဖြူမြို့တွင် ၂၄နာရီလုံး ရေကြောင်းသွားလာခွင့်၊ ငါးဖမ်းခွင့်၊ ပင်လယ်ကမ်းခြေတွင် ဝိုင်းဖွဲ့နေထိုင်ခွင့် မပြုကြောင်း ကျောက်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထပ်မံထုတ်ပြန်ခဲ့သည်။

ကျောက်ဖြူမြို့နယ်အတွင်း “ပင်လယ်မြစ်ကမ်းတစ်လျှောက် ဆိပ်ကမ်းနေရာများတွင် ဝိုင်းဖွဲ့ပြီး အရက်သေစာသောက်စားခြင်း၊ ဝိုင်းဖွဲ့ပြီးသီချင်းသီဆိုခြင်း၊ အောဟစ်ဆဲဆိုခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်း မပြုလုပ်ရ” ဟု ဆိုထားသည်။

ထုတ်ပြန်ထားသည့် တားမြစ်အမိန့်ကို မပျက်မကွက် လိုက်နာဆောင်ရွက်ကြရန်နှင့် ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဟု အကြမ်းဖက်စစ်ကောင်စီက ပြည်သူများကို ခြိမ်းခြောက်ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ဒေသန္တရအမိန့်ကို ၃ကြိမ်မြောက် ထုတ်ပြန်ခဲ့သည်မှာ ပြည်သူများကို လွန်စွာ ထိခိုက်နေကြောင်း ကျောက်ဖြူမြို့ခံ ၁ဦး AB News သို့ ပြောသည်။

“စစ်ကောင်စီက ပြည်သူတွေကို အကျိုးဖြစ်စေဖို့ ဒီအမိန့်ကို ထုတ်ပြန်ထားတာ မဟုတ်။ ပြည်သူတွေဟာ ဒီဥပဒေထုတ်လိုက်တဲ့ နေ့က စပြီး ဒုက္ခတွေ အမျိုးမျိုးကို ခံစား‌နေရတယ်။ နေမကောင်း အပြင်းအထန်ဖြစ် နေရင်တောင် ဆေးသွားကုလို့ မရဘူး။ ဒီဥပဒေကို အကြောင်းပြပြီး ပြည်သူတွေကို မတရားဖမ်းဆီးနေတယ်” ဟု ဆိုသည်။

ထို့အပြင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက်နေ့မှ စ၍ ရက္ခိုင်ပြည်အတွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည်။

ထို့ကြောင့် ရက္ခိုင်ပြည်အတွင်း ဆေးဝါးများ၊ စားသောက်ကုန်များ၊ စက်သုံးဆီများ ပြတ်တောက်နေပြီး ပြည်သူများမှာ စားဝတ်၊ နေရေး အခက်အခက်များနှင့် ကြုံတွေ့နေရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ