Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ဒေသခံအရပ်သား ၄ဦးကို အကြမ်းဖက်စစ်ကောင်စီက အဓမ္မဖမ်းဆီး

ကျောက်ဖြူတွင် ဒေသခံအရပ်သား ၄ဦးကို အကြမ်းဖက်စစ်ကောင်စီက အဓမ္မဖမ်းဆီး

AB News – ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄

ရက္ခိပြည်၊ ကျောက်ဖြူမြို့နယ်တွင်   အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ဒေသခံရွာသား ၄ဦးအား ၎င်းတို့၏ မျက်နှာများကို အဝတ်ဖြင့်အုပ်ကာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူများမှာ ဦးစိန်သန်းမောင်၊ ဦးထွန်းထွန်းဦး၊ ဦးအောင်သန်းနှင့် ဦးမောင်သန်းလှိုင်တို့ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ရက်၊ နံနက် ၉နာရီအချိန်တွင် စစ်ကောင်စီက ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်၊ ကုန်ဘွေရွာမှ ဦးစိန်သန်းမောင်နှင့် မြစ်နားတန်းမှ ဦးထွန်းထွန်းဦးတို့သည် ဇင်ချောင်းတိုက်နယ်၊ ဆိပ်ကမ်းသာဈေးမှ ငါးခြောက်​ရောင်းပြီး အိမ်ပြန်ရာတွင် မတရားဖမ်းဆီးခံခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၇ရက်နေ့ ၊ ညနေ ၄နာရီ ဝန်းကျင်အချိန်တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်က ကျောက်ဖြူ-စစ်တွေ လမ်းဆုံ၌ ဆီဆိုင်တွင် အလုပ်လုပ်နေသည့် ဦးမောင်သန်းလှိုင်နှင့် သစ်ပုတ်တောင်ရေတပ်စခန်းအနီးရှိ လယ်တဲသို့သွားသည့် ဦးအောင်သန်း တို့ကို  ဖမ်းဆီးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဂုံးချွိန်တိုက်နယ်၊ မင်းတက်တောင်ကျေးရွာဘက်သို့ အပြန်လမ်းတွင် အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးတို့အား အင်အားသုံး၍ မျက်နှာကို အဝတ်ဖြင့်အုပ်ပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့ ထုတ်ပြန်ထားသည်။

ရန်ကုန်က ပြန်လာသည့် လူငယ်များကို  ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ကျောက်ဖြူလေဆိပ်၌ စစ်ကောင်စီက ဖမ်ဆီးခဲ့ပြီး ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမမှာ စစ်ဆေးမှုပြုလုပ်နေကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဖေဖောဝါရီလ ၁၆ရက်နေ့ကလည်း ညဥ့် ၉နာရီကျော်အချိန်၌ မအီမြို့၊  ကင်းခြေရွာသစ်မှ ဒေသခံအမျိုးသား ၃ဦးကို  စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် မတရားဖမ်းဆီးခဲ့သည်။

ရက္ခိုင်ဒေသတွင်း စစ်ရေးအရ အလုံးစုံရှုံးနိမ့်တော့မည့် ပကတိအနေအထားကို လက်ခံနိုင်ခြင်းမရှိသည့် စစ်ကောင်စီသည် အကြမ်းဖက် ဖက်ဆစ်တို့၏လုပ်ရပ်အတိုင်း အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားဖမ်းဆီးသတ်ဖြတ်ခြင်း၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဖြတ်‌တောက်ခြင်း၊ ကုန်စည်စီးဆင်းမှုဖြတ်တောက်ခြင်းတို့ကို ပြုလုပ်ပြီး ရှုံးမဲမဲလျက်ရှိသည်ဟု ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို မိုက်ရူးရဲဆန်စွာ ကျူးလွန်လျက်ရှိကြောင်း ဖော်ပြထားသည်။

Website
www.arakanbaynews.com 

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ