Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ဒေသခံရေလုပ်သား ၉ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးချုပ်နှောင်ထား

ကျောက်ဖြူတွင် ဒေသခံရေလုပ်သား ၉ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးချုပ်နှောင်ထား

AB News- ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်မှ ဒေသခံ ရေလုပ်သား ၉ ဦးကို ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီရေတပ်က ဖမ်းဆီးလိုက်ပြီး ကျောက်ဖြူမြို့မ ရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိရသည်။

ဖမ်းဆီး ချုပ်နှောင်ခံထားရသူများမှာ ကျောက်ဖြူမြို့နယ် မရဇိုင်းကျွန်း၊ ပေါက်နက်ချေရွာမှ အဖ ဦးမောင်နီဂျာ၏သား ဦးမြင့်သန်းချေ အသက် ၄၆ နှစ်၊ အဖ ဦးမြင့်သန်းချေ၏သား မောင်စိုးမြင့်သန်း အသက် ၁၈ နှစ်၊ အဖ ဦးချစ်စံဖြူ၏သား ဦးသန်းစိုး အသက် ၃၀ နှစ်၊ အဖ ဦးအောင်သန်းယေ၏သား ဦးကျော်သန်းမောင် အသက် ၄၂ နှစ်၊ အဖ ဦးထွန်းချေ၏သား ဦးဇော်ဝင်း အသက် ၃၇ နှစ် နှင့် ဦးထွန်းထွန်းဝင်း အသက် ၄၂ နှစ်၊ အဖ ဦးရွှေစိန်အောင်၏သား ဦးမောင်ခင်စိုး အသက် ၃၈ နှစ်၊ အဖ ဦးမောင်နု၏သား ဦးအောင်ရွှေတင် အသက် ၄၅ နှစ် နှင့် အဖ ဦးမောင်ခင်ရွှေ၏သား ဦးလပြည့် အသက် ၃၆ နှစ်တို့ ဖြစ်ကြသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် အစောပိုင်းတွင် စစ်ကောင်စီရေတပ်က ကျောက်ဖြူမြို့နယ်မှ ဒေသခံ ရေလုပ်သား ၉ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဖမ်းဆီးခံရသူ၏ အမျိုးသမီး ၁ဦးက ယခုကဲ့သို့ ပြောဆိုသည်။

“ကျမတို့က တစ်ရက်စာကို တစ်ရက်ရှာစားနေသူတွေပါ။ အခု ယောင်္ကျားဖမ်းဆီးခံရတော့ မိသားစု စားဝတ်နေရေး ဘယ်လိုဆက်လုပ်ရမလဲ ။ ကျမယောင်္ကျားက အပြစ်လုပ်ထားတာလည်း မရှိဘူး။ သူ့ကို အမြန်ပြန်လွှတ်စေချင်ပါတယ်” ဆိုသည်။   

ကျောက်ဖြူမြို့နယ်၊ မရဇိုင်းတိုက်နယ်၊ ပေါက်နက်ချေရွာမှ ရွာသား ၉ဦးသည် ဓညဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ် ၁၆ ဖောင်တော် အရှေ့တည့်တည့် ပေါက်နက်ကြီးမော်စွန်း၏ အောက်မြစ်ပြင်တွင် လှေ ၃ စင်းဖြင့် ငါးရှာနေစဉ် အဆိုပါ ဖောင်တော်အနီး ကျောက်ချသည့် စစ်ကောင်စီ ရေတပ်နေဗီမှ စစ်ကောင်စီတပ်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက အတည်ပြုပြောသည်။

ဖမ်းဆီးခံထားရသည့် ပေါက်နက်‌ချေရွာမှ ရေလုပ်သား ၉ဦးကို ကျောက်ဖြူမြို့မ ရဲစခန်း ထိမ်းသိမ်းထားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ရွာက အရပ်သား ၄ဦးကိုလည်း အဓမ္မ ဖမ်းဆီးခဲ့သည်။

Website
www.arakanbaynews.com    
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။