Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် တပ်ကြပ်အဆင့်ရှိ ရဲဝန်ထမ်း ၃ ဦးကို AA နှင့်ဆပ်စပ်ဟုဆိုကာ စစ်ကောင်စီတပ်က တရားစွဲ

ကျောက်ဖြူတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် တပ်ကြပ်အဆင့်ရှိ ရဲဝန်ထမ်း ၃ ဦးကို ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်မှုဖြင့် စစ်ကောင်စီတပ်မှ တရားစွဲဆိုလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်နေ့က ကျောက်ဖြူမြို့နယ်တရားရုံးတွင် ၎င်းတို့ ၃ ဦးအား ULA/AA နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ ဖြင့် ခမရ ၃၄ တပ်ရင်းမှူးမှ တရားလိုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုရဲဝန်ထမ်း ၃ ဦးအား တရားရုံးတင်စစ်ဆေးခဲ့ခြင်းမရှိသေးဘဲ ကျောက်ဖြူမြို့မ ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားလျက်ရှိသည်ဟု သိရသည်။

တရားစွဲခံရသည့် ရဲဝန်ထမ်း ၃ ဦးမှာ ဦးမောင်မောင်အေး ၅၀ နှစ် (လေကြောင်းရဲ)၊ ဦးထက်ဝေလင်း ၃၀ နှစ် (ရေကြောင်းရဲ)နှင့် ဦးမျိုးဝင်းအောင် ၃၆ နှစ် တို့ဖြစ်ကြပြီး ၎င်းတို့ ၃ ဦးအား နိုဝင်ဘာလ ၁၃ ရက် တစ်နေ့တည်းတွင် စစ်ကောင်စီတပ် ခမရ ၃၄ တပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုရဲဝန်ထမ်း ၃ ဦးအား စရဖမှ ဦးကျော်ကျော်ထွန်းမှ စစ်ဆေးမေးမြန်းခြင်း ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

ဤအမှု၏နောက်ဆက်တွဲများကို ABN မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ