သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် တပ်ကြပ်အဆင့်ရှိသူ ရဲဝန်ထမ်း ၂ ဦးအား စစ်ကောင်စီတပ်မှ ထပ်မံဖမ်းဆီး

ရခိုင်ပြည် ကျောက်ဖြူမြို့တွင် စစ်ကောင်စီ ခလရ ၃၄ တပ်ရင်းမှ တပ်ကြပ်အဆင့်ရှိသူ ရဲဝန်ထမ်း ၂ ဦးအား ယနေ့ နိုဝင်ဘာလ ၁၃ရက်နေ့တွင် ထပ်မံ၍ ဖမ်းဆီးသွားကြောင်း သိရသည်။

ထိုနှစ်ဦးမှာ အသက် ၅၀နှစ်ခန့်ရှိ ဦးမောင်မောင်အေး (ရဲတပ်ကြပ်)နှင့် အသက် ၃၆ နှစ်ခန့် ဦးမျိုးဝင်းအောင် (ရဲတပ်ကြပ်)တို့ကို ဖမ်းဆီးသွားခဲ့သည်။

ဦးမောင်မောင်အေးအား ကျောက်ဖြူလေယာဉ်ကွင်း၌ ယနေ့ နံနက် ၉နာရီတွင် စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးခဲ့ပြီး ဦးမျိုးဝင်းအောင်အား ဖုန်းဆက်ခေါ်ကာ နေ့လည် ၁၂ နာရီတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယနေ့တွင်ပင် ကျောက်ဖြူမြို့မှ စစ်ကောင်စီခန့် ဝန်ထမ်းများဖြစ်သည့် ကျောက်ဖြူတရားရုံးရှေ့နေ ဦး ဦးဆန်းဝင်း၊ လဝက ဒုဦးစီး ဒေါ် မကြည်နှင့် ရေကြောင်း ရဲဝန်ထမ်း ဦးထက်ဝေလင်းတို့ကိုလည်း စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့သေးသည်။

ကျောက်ဖြူတွင် စစ်ကောင်စီခန့် ဝန်ထမ်းများအား စစ်ကောင်စီမှ ဖမ်းဆီးလာသည်မှာ နေ့စဥ်ပို၍ များလာနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ