Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီး၍ အိမ်ပြန်သည့် ကျောင်သား ၈ဦးနှင့် ကျောင်းသားမိဘ ၃ဦး ဖမ်းဆီးခံရ

ကျောက်ဖြူတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီး၍ အိမ်ပြန်သည့် ကျောင်သား ၈ဦးနှင့် ကျောင်းသားမိဘ ၃ဦး ဖမ်းဆီးခံရ

AB News – မတ်လ ၂၃၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီး၍ အိမ်ပြန်သည့် ကျောင်းသား ၈ဦးနှင့် ကျောင်းသားမိဘ ၃ဦးတို့အား ယမန်နေ့ မတ်လ ၂၂ရက်၊ ညဉ့် ၁၁နာရီခန့် အချိန်တွင်  စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဖမ်းဆီးခံရသည့် ကျောင်းသား၊ ကျောင်းသူများမှာ မရဇိုင်းတိုက်နယ်၊ ရွှေညိုမရွာမှ မောင်မျိုးမြင့်ဆွေ ၁၈နှစ်၊ မောင်ဇော်မျိုးနိုင် ၁၉နှစ်၊ မမိုးသက်နွယ် ၁၈နှစ်၊ မသူဇာယေ ၂၁နှစ်၊ မခင်စုလှိုင် ၁၉နှစ်၊ မောင်မင်းထက်နိုင် ၁၉နှစ်၊ မနှင်းအိနွယ် ၁၈နှစ်၊ မယုဝါလှိုင် ၁၈နှစ်တို့ ဖြစ်သည်။

ထို့အပြင် ရွှေညိုမရွာမှ ကျောင်းသားမိဘ အုပ်ထိမ်းသူများမှာ ဒေါ်မရွှေဝါ ၄၀နှစ်၊ ဒေါ်သန်းမေ ၄၅နှစ်နှင့် အခြား ၁ဦးတို့ဖြစ်သည်။

ယမန်နေ့ မတ်လ ၂၂ရက်၊ ညဉ့် ၁၁နာရီခန့် အချိန်တွင် အိမ်ပြန်သည့် ကျောင်းသား ၈ဦးနှင့် ကျောင်းသားမိဘများကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးခဲ့သည်ဟု အမည်မဖော်လိုသည့် မြို့ခံ ၁ ဦး က ဆိုသည်။

“စစ်ကောင်စီက လမ်းတွေပိတ်ထားတော့ နယ်က စာမေးပွဲဖြေဆိုပြီးတဲ့ ကျောင်းသားတွေဟာ မြို့မှာ ပိတ်မိနေကြတာ။ မနေ့က သူတို့ အိမ်အပြန်မှာ ဖမ်းဆီးခံရတယ်လို့ သိရတယ်” ဟု ဆိုသည်။

ကျောင်းသား၊ ကျေားသူ ၈ဦးအပါအဝင် ၁၁ဦးတို့သည် ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်၊ မီးလောင်ကွင်းအောက်ဘက်မှ ကွှေညိုမရွာသို့ စက်လှေ ၂စီးဖြင့် သွားရန် စက်လှေစောင့်နေစဥ် မြစ်ကမ်းစပ်၌ ကင်းလှည့်နေသည့် စစ်ကောင်စီစစ်သားနှင့် ရဲသားများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် ကျောင်းသူ ကျောင်းသားများနှင့် ကျောင်းသားမိဘများအား ကျောက်ဖြူမြို့မ ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရှိရသည်။

စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့တွင် ၁၂တန်း စာမေးပွဲဖြေဆိုပြီးသည့် ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ခန့်ကို စစ်ကောင်စီက ထွက်ခွင့်မပေးဘဲ လူသားဒိုင်းကာအဖြစ်သုံးရန် ပိတ်လှောင်ထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ