Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒွေးချရွာမှ နေအိမ် ၃၀ခန့် မီးလောင်ပြာကျ

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ယမန်နေ့ ဧပြီလ ၂၁ရက်နေ့ နံနက်ပိုင်းအချိန်ခန့်တွင် ဒွေးချရွာမှ နေအိမ် ၃၀ခန့် မီးလောင်ပြာကျခဲ့ရကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

“စစ်ကောင်စီရဲ့ တောင်မော်ကြီး ရေတပ်စခန်းက ပစ်ခတ်ခဲ့တာပါ။ လက်နက်ကြီးကျည်ဟာ ရွာထဲက နေအိမ်မှာ ကျရောက်ပေါက်ကွဲပြီး မီးစတင်လောင်ကျွမ်းခဲ့တာပါ။ နေအိမ် ၂၈လုံး မီးလောင်ကျွမ်းခဲ့သလို အခြားနေအိမ်တွေလည်း ပျက်စီးခဲ့တာတွေ ရှိပါတယ်” ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ် ဒွေးချရွာ မီးလောင်နေစဥ်/CJ

မီးလောင်ကျွမ်းမှုအတွင်း စပါးသိုလှောင်ထားသည့် စပါးကျီများလည်း မီးလောင်ကျွမ်းသွားကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ တောင်မော်ကြီးရေတပ်စခန်းမှ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်နေမှုများကြောင့် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာ ၅၀နီးပါးမှ ဒေသခံပြည်သူများမှာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ပြီးခဲ့သည့် ဧပြီလ ဒုတိယအပတ်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးကျည်ထိမှန်၍ ဒွေးချရွာမှ လူနေအိမ် ၂ဆောင်အပါအဝင် ဘုန်းတော်ကြီးကျောင်းမှ အဆောက်အဦးအချို့လည်း ပျက်စီးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ