Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် စစ်ကောင်စီတပ်က ကျောက်တလုံးမူဆလင်ဒုက္ခသည်စခန်းသို့လာရောက်ပြီး စစ်မှုထမ်းရန်အတွက် ဒုက္ခသည်လူငယ် ၁၀၇ ဦးအား စစ်ဆေးမေးမြန်ရန်ခေါ်ယူပြီး ၂ ဦးကိုဖမ်းဆီးသွား

ကျောက်ဖြူတွင် စစ်ကောင်စီတပ်က ကျောက်တလုံးမူဆလင်ဒုက္ခသည်စခန်းသို့လာရောက်ပြီး စစ်မှုထမ်းရန်အတွက် ဒုက္ခသည်လူငယ် ၁၀၇ ဦးအား စစ်ဆေးမေးမြန်ရန်ခေါ်ယူပြီး ၂ ဦးကိုဖမ်းဆီးသွား

AB News – ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်ဖြူ မြို့တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ သည် ကျောက်တလုံးမူဆလင် ဒုက္ခသည်စခန်းသို့လာရောက်ပြီး စစ်မှုထမ်းခိုင်းရန်အတွက် ဒုက္ခသည်လူငယ်အမျိုးသား ၁၀၇ ဦးကို ခေါ်ယူစစ်ဆေးပြီး ၎င်းတို့ထဲမှ ၂ ဦးကိုဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

လာရောက်ဖမ်းဆီးသည့် စစ်ကောင်စီအဖွဲ့မှာ ကျောက်ဖြူမြို့အခြေစိုက် ခမရ ( ၅၄၂ )တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင် ဦးဆောင်သော အင်အား ၅၀ ဝန်းကျင်နှင့် ကျောက်တလုံးဘုရားအနီး ကယ်ဆယ်ရေးဒုက္ခသည်စခန်းကို  လုံခြုံရေးယူထားသည့် အမှတ် ( ၃၂ ) ရဲတပ်ရင်းမှ အင်အား ၂၀ခန့်တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စကစအဖွဲ့သည် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် ၎င်းဒုက္ခသည်စခန်းသို့လာရောက်ပြီး အသက် ၁၈နှစ်မှ အသက် ၃၅ နှစ်ကြား မူဆလင်ဒုက္ခသည် ၁၀၇ ဦးကို စခန်းတွင်းရှိ ရိက္ခာဂိုတောင်သို့ ခေါ်ယူပြီး နာမည်စာရင်းများကောက်ယူစစ်ဆေးပြီးနောက် ၎င်းတို့အထဲမှ ၂ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း လုံခြုံရေးကြောင့်အမည်မဖော်လိုသည့်ဒုက္ခသည် ၁ ဦးက AB News သို့ ပြောသည်။

” ၅၄၂ တပ်ရင်းက ဗျူးဟာမှူး ဗိုလ်မှူးကြီး ဝဏ္ဏအောင်အဖွဲ့နှင့် အမှတ်  (၃၁ )ရဲတပ်ရင်းက တပ်သားတွေက စခန်းထဲကိုဝင်လာပါတယ်၊၊ ဒုက္ခသည်ကိုတွေကို နာမည်စာရင်းကောက်မည်ဆိုပြီး ဂိုဒေါင်ကိုခေါ်ပါတယ်၊ ပြီးတော့ ၂ ယောက်ကို ဖမ်းဆီးသွားတယ်။ ကျန်တဲ့သူတွေလည်း စစ်မှုထမ်းဖို့လိုက်ရမယ်လို့ ပြောတယ်” ဟု ဆိုသည်။

ပူးပေါင်းအင်အား ၇၀ ဝန်းကျင်ခန့်ရှိသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်း၏တပ်တွင်စစ်မှုထမ်းခိုင်းရန်အတွက် ဒုက္ခသည် ၂ ဦးကို ဦးစွာဖမ်းဆီးသွားခဲ့ပြီး ကျန် ၁၀၅ ဦးမှာ လာမည့် ၂၈ ရက်နေ့ နံနက် ၇ နာရီတွင် ဂိုဒေါင်သို့လာရောက်ရန် မှာကြားထားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ အဖွဲ့သည် မူဆလင်များကို စစ်မှုထမ်းခိုင်းပြီး လက်နက် တပ်ဆင်ပေးလာခြင်း ၊ အချင်းချင်းစည်းလုံးမှုပျက်ပြားအောင် လုံ့ဆော်လာခြင်းမှာ ပဋိပက္ခကို တစ်ခုကို ဖန်တီးရန် စစ်ကောင်စီက ကြိုးစားနေခြင်းဖြစ်ကြောင်း ရက္ခိုင်နိုင်ငံရေးသုံးသပ်သူ တစ်ဦးက AB News သို့ပြောသည်။

“လက်ရှိမှာတော့ စစ်ကောင်စီက  မူဆလင်ဒုက္ခသည် တွေကို အသုံးချပြီး စစ်မှုထမ်းခိုင်းလာတာတွေ့ရတယ်၊၊ ဒါတောင်မကသေးလို့ လက်နက်တွေတပ်ဆင်ပေးလာတာက အချင်းချင်းစည်းလုံးမှုကိုပြိုကွဲအောင်လုပ်တာပေါ့နော်၊၊ လူမျိုးရးပဋိပက္ခတွေကို သူတို့အထွက်မှာ ဖန်တီးထားခဲ့ဖို့ ရည်ရွယ်တာလို့ သုံးသပ်ပါတယ်။ ဒါကသူတို့ရဲ့ လုပ်ထုံး လုပ်နည်း သီအိုရီတစ်ခုပဲ” ဟု ဆိုသည်။

အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီတပ်မှာ စစ်မှုထမ်းမည့် အသက်သာ အသေခံသွားမယ်ဟု အမည်မဖော်လိုသည့် ဒုက္ခသည်မူဆလင် လူငယ် တစ်ဦးက AB News သို့ ပြောသည်။

“ကျနော်တို့ကို စစ်ကောင်စီက အရူးလုပ်ခိုင်းတယ်ဆိုတာ ကျနော်တို့သိပါတယ်။ သူတို့ စစ်ကောင်စီကြောင့် ကျနော်တို့ ဒီလို ဒုက္ခရောက်နေတာပါ။ ခုလည်း ကျနော်တို့ကို ရက္ခိုင်ပြည်မှာ မနေနိုင်အောင် လုပ်နေပြန်တယ်။ သူတို့အကြမ်းဖက် (စစ်ကောင်စီ) တပ်မှာ စစ်မှုထမ်းမယ့်အစား ကိုယ့်အသက်ကို သတ်သေပလိုက်မယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီအဖွဲ့က ကျောက်ဖြူမြို့ ကျောက်တလုံး မူဆလင်ဒုက္ခသည်စခန်းသို့ သွားရောက်ပြီး မူဆလအမျိုးသားများ နှင့် မူဆလင်အမျိုးသမီးများအား စစ်မှုထမ်းရမည်ဟု ပြောသည့်အတွက် မူဆလင် ၁၀ ဦးကျော်တို့မှာ စခန်းမှ ထွက်ပြေးကာ ရက္ခိုင့်တပ်တော်ထံ ခိုလှုံခဲ့ကြောင်း သိရသည်။

ထို့အပြင် ဘူးသီးတောင်၊ မောင်တောမြို့များတွင်လည်း စစ်ကောင်စီက မူဆလင်များအား စစ်မှုထမ်းရန် အဓမ္မစည်းရုံးမှုများ ပြုလုပ်လျက်ရှိသည်။

Website
www.arakanbaynews.com    

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ