Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် စစ်ကောင်စီမှ အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးရန် ဗျူဟာမှူး ညွှန်ကြားထား

ကျောက်ဖြူမြို့တွင် ယနေ့ နံနက် က ဌာနပေါင်းစုံပါဝင်သည့် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး ထိုအစည်းဝေးတွင် စစ်ကောင်စီတပ်က ကျောက်ဖြူမြို့မှ ရက္ခိုင့်တပ်တော်နှင့်ဆက်စပ်သည်ဟုဆိုကာ အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးရန် ဗျူဟာမှူးမှ ညွှန်ကြားခဲ့ကြောင်းသိရသည်။

ယနေ့ နံနက် ၉ နာရီခန့်အချိန်တွင် ကျောက်ဖြူမြို့ထဲ၌ရှိသော ၅၄၃ တပ်ရင်းနှင့် ၅၄၂ တပ်ရင်းတို့ ပူးပေါင်းပြီး ဌာနဆိုင်ရာပေါင်းစုံမှ သက်ဆိုင်ရာ အထက်လူကြီးများကို ခေါ်ယူကာ တပ်တွင်း အစည်းဝေးပြုလုပ်၍ ဗျူဟာမှူးကိုယ်တိုင် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

” ယနေ့ မနက် ၉နာရီခန့်လောက်အချိန်ရှိဖို့ထင်ပါတယ်၊ ဌာနဆိုင်ရာကလူတွေအသီးသီး တပ်ရင်းထဲကိုဝင်သွားတာကိုတွေ့ပါတယ်၊ သူတို့တွေ စုပြီး ၁ နာရီခွဲကျော်လောက်အစည်းအဝေးပြောကြပါတယ်။ အေအေနှင့်ဆက်စပ်လို့ အရပ်သား ၂၀၀ ကျော်ဖမ်းဖို့ ညွှန်ကြားသွားတယ်လို့ ပြောတယ်” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ABN ကိုပြောသည်။

ထိုဖမ်းဆီးမည့်သူများကိုလည်း စာရင်းနှင့် နေရပ်လိပ်စာ အတိအကျ ရေးထားပြီး ဖြစ်ကြောင်းအမည်မဖော်လိုသူ သတင်းပေး နောက်တစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ကလည်း အစိုးရဝန်ထမ်း ရဲတပ်ကြပ် ၃ ဦး၊ စေတိယျရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၊ ပြင်ဖြူမော်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၊ သန်ပန်ချောင်းရပ်ကွက်မှ အုပ်ချုပ်ရေးမှူးတို့ကိုလည်း AA နှင့်ဆက်စပ်သည်ဟု စွပ်စွဲပြီးဖမ်းဆီးထားကြောင်းသိရသည်။

မောင်တောမြို့တွင်လည်း ရပ်ကွက် ၆ ခုမှ အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးရန် မောင်တောခရိုင် ဒုရဲမှူးကြီးမှ ဒီဇင်ဘာလ ၂ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကား ညွှန်ကြားထားကြောင်းသိရသည်။

ကျောက်ဖြူတွင် စစ်ကောင်စီမှ အရပ်သား ၂၀၀ ကျော်ကို ဖမ်းဆီးရန် ဗျူဟာမှူး ညွှန်ကြားထား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။