Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ပန်းဒူ-စေတီပြင်လမ်းပျက်စီးနေ၍ ကားသမားများအခက်တွေ့၊ ပြုပြုရန်လိုအပ်နေ

ABN-ဟိန်းထွန်း

သြဂုတ် ၁၂ ရက်

ရသေ့တောင် နှင့် မောင်တောသို့ ဆက်သွယ်ထားသည့် ကျောက်ပန်းဒူ-စေတီပြင်လမ်းသည် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပျက်စီးသွားခဲ့သဖြင့် ကားသမားများအခက်တွေ့နေရကာ ပြန်လည်ပြုပြင်ရန်လိုအပ်နေ​ကြောင်း ဒေသခံတစ်ဦးက ABN သို့သတင်းပေးပို့လာခဲ့သည်။

အဆိုပါလမ်းသည် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင် နှင့်စစ်တွေ သို့ ဖောက်လုပ်ထားပြီး ပြည်သူများအားထားမှီခိုနေရသည့် လမ်းတစ်ခုဖြစ်သည်။

လမ်းမှာ ၂ မိုင်ခန့် ပျက်စီးနေသည့်အတွက်ကြောင့် ကားသမားများမောင်နှင်ရာတွင် ကားဘီးများ ချော်ပြီး အသက်အန္တရာယ်ထိစိုးရိမ်ရမှုရှိနိုင်သဖြင့် ပြန်လည်ပြုပြင်ရန်လိုအပ်ကြောင်း ပရဟိတ တာဝန်ခံ အကိုအောင်မင်းစိုးက ABN သို့ပြောသည်။

“လမ်းကတော့ ၂ မိုင်လောက်ရှိမယ်ထင်ပါတယ်၊ ရေတိုက်စားလို့ ပျက်လာပါပြီ၊ ကားသမားတွေဖြတ်ကျော်တဲ့လွှဲကားဘီးတွေ ချော်သွားတာတွေရှိပါတယ်၊ အသက်အန္တရာယ်လည်းရှိနိုင်ပါတယ်၊ ပြုပြင်ဖို့လိုအပ်တယ်” ဟု ဆိုသည်။

၎င်းလမ်းပေါ်တွင် ကားများအဆက်မပြတ်သွားလာနေရသည့်အတွက် ရေဝပ်နေသောမြေများလည်း အနည်းငယ်ပြိုဆင်းသွားခဲ့သည်ကိုတွေ့ရသည်။

တစ်ချို့ကားများသည် ပျက်စီးနေသောလမ်းပေါ်ကိုဖြတ်ကျော်ရာတွင် ကားဘီးများနစ်မြုပ်သွားပြီး၊ လူဆင်းပြီးတွန်းတိုးနေရကြောင်း ၎င်းမှဆက်၍ ပြောသည်။

“ကားတစ်ချို့ဆိုရင် လမ်းကိုဖြတ်တာနဲ့ ဘီးတွေနစ်သွားပါတယ်၊ မတက်နိုင်တော့ဘူး၊ လူတွေဆင်းပြီး တွန်းတိုးရပါတယ်” ဟု ဆိုသည်။

ထိုလမ်းမှာ ယခင်က ကျောက်ခမ်းလမ်းဖြစ်ပြီး ရေများတဖြည်းဖြည်းတိုက်စားခဲ့သည့်အတွက်ကြောင့် ပျက်စီးလာခဲ့ရကြောင်းသိရသည်။

ရခိုင်မှာ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မုန်တိုင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုတို့၏ အရှိန်ကြောင့် လမ်း၊တံတားများစွာပျက်စီးခဲ့ရပြီး လက်ရှိအချိန်အထိ မပြုပြင်နိုင်သေးသည့် တံတားများစွာလည်း ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ